8

137 14 4
                                    

Unicode

' အကို! '

' ပြော Mean '

' ကျွန်တော် ချမ်း​နေတယ် '

' ချမ်းမှာ​ပေါ့ အဖျား​တွေ အရမ်းတက်​နေတာကို အဲ့​ကြောင့် ငါ​ပြောတယ် နေ့လည်ခင်း ရေမချိုးပါနဲ့ဆိုတာကို အခု​​တော့ ဖြစ်ပြီ မဟုတ်လား . '

ငါ့နဖူး​ပေါ်က လက်ကိုင်ပုဝါလေးကို ဘေးက ဇလုံထဲ ရေပြန်ညှစ်ရင်း ငါ့ကို ဆူ​နေတဲ့ သူ... ကုတင်​​ပေါ်မှာ လှဲနေရင်း သူလုပ်သမျှကို  မလွတ်တမ်းအကုန်ထိုင်ကြည့်​နေမိတယ်....

လက်ဖဝါး နုနု​လေး​တွေက နဖူး​ပေါ်ကို လာ​ရောက်ထိကပ်တဲ့ အချိန် အသက်ရှူဖို့​တောင် မေ့​မြောသွားတယ်...  သူရဲ့ စကားသံ​တွေကိုလည်း ကြား တချက် ၊ မကြား တချက်.... ငါအမြင်အာရုံထဲမှာ​လည်းသူက လွဲရင် ကျန်တဲ့ ပတ်ဝန်းကျင်က အရာ​တွေအားလုံးဟာ ဝေ​ဝေဝါးဝါး...

' ကျစ်! ပူကျစ်​နေတာပဲ ဒီလောက်ထိ ဖြစ်​နေတာ ငါ့ကို အလုပ်က ပြန်​ရောက်ထဲက ပြောပါလား အခု​တော့ ညကြီး မိုးချုပ် ဆေးခန်း​တွေလည်း ပိတ်​နေပြီကို ဘယ်လိုလုပ်ရမလဲ မသိ​တော့ဖူး   အိမ်နားမှာက ဆေးခန်းက မရှိဖူးရယ် ... ဟိုဘက် ရက်ကွက်မှာ​တော့ ကိုယ်ပိုင်​ဆေးခန်းတစ်ခုဖွင့်ထားတာရှိမယ် ထင်တယ် အဲ့ဒီကို သွားကြမလား ဟင် '

ဆေးခန်းသွားလို့ မဖြစ်ဖူး​လေ.. ဆရာဝန်က ဆေး​တွေ​ပေးလိုက်ရင် ငါမြန်မြန် သက်သာသွားမှာ​ပေါ့..

' အကို! '

' ဟင် '

' ကျွန်တော်က ဘာမှမဖြစ်ပါဖူး အဆင်​ပြေတယ်  အကိုကသာဆိုင်မှာ အလုပ်​တွေ အရမ်းလုပ်ခဲ့ရတာမဟုတ်လား အနားယူလိုက်​တော့​လေနော် '

' မင်း ဒီ​လောက်ဖြစ်​နေတာကို ငါက​ အေး​အေး​ဆေး​ဆေး အိပ်နိုင်မယ် ထင်နေတာလား အရူးရဲ့ တကယ်ပါပဲ😒 '

သူ ..သူ ငါ့ကို စိတ်ပူ​ပေး​နေတာ​ပေါ့​နော်... သူ ငါ့အတွက် ငါဆိုတဲ့ ကောင်ကို စိတ်ပူ​ပေး​နေတာလား.... သူ  ပါးစပ်က ပြောတာကို ငါကြားချင်တဲ့အတွက်..

*  အကိုက ကျွန်တော့်ကို စိတ်ပူ​နေတာလား *

လို့ မေးလိုက်မိ​တော့ သူ့ဘက်က ခဏတာ တိတ်ဆိတ်သွားတယ်...ငါ မေးတာမှားသွားတာများလား ...

🔥P.S.Y.C.H.O🔥Where stories live. Discover now