14

125 13 6
                                    

Unicode

ဆေးရုံကား​ပေါ်က ကုတင်ပေါ်မှာ ငြိမ်သက်စွာလှဲနေတဲ့ သူ့အတွက် စိုးရိမ်စိတ်​တွေက ကျွန်​တော့်ရင်ထဲမှာ မီး​တောင်​ချော်ရည်ပူ​တွေစီးဆင်း​နေသလိုမျိုး ပူ​လောင်​နေရတယ်... ကံကြမ္မာက ဘာလို့များ ဒီ​လောက်အထိရက်စက်​နိုင်ရတာလဲ ....

' အ​ရေး​​ပေါ် လူနာ! ပါတယ် .. '

Emergency Room ဆီကို အ​ပြေးအလွှားသွား​နေတဲ့အချိန်အတွင်းမှာ သူလက်ဖဝါး​ကို ဆုပ်ကိုင်ထားမိတာက ဘာမှ မဖြစ်ပါ​စေဆိုတဲ့ မျှော်လင့်ချက်တွေအပြည့်နဲ့ ....

' လူနာရှင် ဒီမှာပဲ နေခဲ့​ပေးပါ '

သူနာပြုဆရာမ ပြောသွားတဲ့ စကား​ကြောင့် အပြင်မှာ နာကျင်​နေတဲ့ ခြေ​​ထောက်က ဒဏ်ရာကို​တောင် သတိမထားနိုင်​တော့ပဲ မတ်တပ်ရပ်​နေမိတာ..
စိတ်ထဲမှာလည်း မှတ်မိသ​လောက် ဘုရားစာ​တွေ ရွတ်​နေမိတာ ဘယ်နှစ်ကြိမ်မှန်း​တောင် မသိ​တော့ဖူး ... မင်း တကယ်ကို ဘာမှ မဖြစ်ရဖူး​နော် Mean ..

'  ဒီမှာ ဒီမှာ . ဟို​ ..ဒီ​ဆေး​တွေက ဘယ်မှာသွားဝယ်ရမလဲ သိလား ခင်ဗျ  '

' ဗျာ '

တစ်​ယောက်ထဲ သောက တွေနဲ့ ပူ​လောင်​နေတဲ့အချိန် ဘေးနားက ဆေးဝယ်ဖို့ နေရာ လာ​မေး​နေတဲ့ သူ့ကို တွေ​ဝေစွာနဲ့ ငေးကြည့်​နေမိတယ် ..
ဟုတ်သားပဲ . သူ အခု ဆေးရုံတက်ရမယ်ဆို​တော့ ပိုက်ဆံ ... ပိုက်ဆံ လိုမှာ​ပေါ့ .. စုထားတဲ့ ပိုက်ဆံ အနည်းငယ်​တော့ ရှိတယ်ဆို​ပေမယ့်လည်း အကုန်ရှင်းဖို့က လောက်မှာ မဟုတ်ဖူး ... အဲ့ဒီ​​တော့ ...
ခေါင်းထဲမှာ အလွတ်ရ​နေခဲ့တဲ့ ဖုန်းနံပါတ်တစ်ခုကို မာန​တွေ ဘေးဖယ်ထားပြီး ခေါ်လိုက်မိတာ မင်း အတွက်ဆိုတဲ့ စိတ်တစ်ခုထဲနဲ့....

' မောင် '

ဖုန်းဆက်လိုက်တော့ ချက်ခြင်း ဆေးရုံကို ရောက်လာ​ပေးတဲ့ သူမ ကို ကျေးဇူးတင်ပါတယ် ...အခုလိုအ​ခြေအ​နေမျိုးနဲ့ ပြန်​တွေ့ရတာ မျက်နှာ ပူစရာ​ကောင်းသလို ၊ ရှက်ဖို့လည်း ကောင်းတယ် .. ဒါ​ပေမယ့်လည်း အကူအညီတောင်းစရာက သူပဲ ရှိတဲ့အတွက်ကြောင့် ..

' ချစ် sorry  မြူ  '

သူမရဲ့ နာမည်ကို ခေါ်လိုက်​တော့ မျက်နှာပျက်သွားတာကို တွေလိုက်​ပေမယ့်
ကျွန်​တော် ခေါင်းပဲ ငုံ့ထားလိုက်မိပါတယ် .. အရင်က​တော့ ချစ်ခဲ့ဖူးတယ်ဆို​ပေမယ့် အခုအချိန်မှာ​တော့ အ​ခေါ်အ​​ဝေါ်​တွေ သတိထားသင့်တယ် မဟုတ်လား

🔥P.S.Y.C.H.O🔥Where stories live. Discover now