အပိုင်း(၆)

599 54 10
                                    

Gunရေထဲကို ခြေလွတ်လက်လွတ် ပြုတ်ကျပြီးနောက် ပင်လယ်၏အခြေကို တဖြည်းဖြည်းနိမ့်ဆင်းသွားသည်။

ဓါတ်ပုံရိုက်နေစဉ် ခဏတဖြုတ် ချွတ်လိုက်တဲ့ အသက်ကယ်အင်္ကျီက ရွက်လှေပေါ်ရှိ ခုံပေါ်တွင် ကျန်နေခဲ့သည်။

**ငါသေတော့မှာလား**

အားရှိသလောက် ရုန်းကန်နေပေမယ့် အချည်းနှီးသာဖြစ်သည်။

**ဒီတစ်ခါ ကိုကိုလည်း Gunကို မကယ်နိုင်တော့ဘူး**

ထိုစဉ်......!!!

"ဗွမ်း!!!"

ရေထဲကို ဒိုက်ဗင်ထိုးချသွားသည့် ကျစ်ကျစ်လစ်လစ် ကိုယ်ထည်တစ်ခု။

(၁၀)မိနစ်ဝန်းကျင်မှာပင် ရေပေါ်ဘွားကနဲ ပြန်တက်လာသည့် လူနှစ်ဦး။

"ဟယ် Gun Gun"

မိန်းကလေးနှစ်ယောက်က အသည်းအသန် အော်နေချိန်မှာ Newက အသက်ကယ်ဘောကွင်းတစ်ခုကို ပစ်ချပေးလိုက်သည်။

Offက Gunကို အသက်ကယ်ဘောကွင်းစွတ်ပေးလိုက်ပြီး Gunရေထဲကျသွားစဉ်ကတည်းက ရပ်တန့်နေတဲ့ရွက်လှေပေါ်ကို တွန်းတင်လိုက်ကာ Newက လှေပေါ်ကနေ ဆွဲတင်လေသည်။

ရွက်လှေပေါ်မှာ Gunကိုယ်လုံးကို သက်တောင့်သက်သာဖြစ်အောင် ချထားပေးရင်း ရင်ဘတ်ကို သုံးလေးကြိမ်ခန့် ဖိနှိပ်လိုက်သည်။

**ကိုယ့်အနမ်းဦးကို မင်းယူသွားပြီနော် ငယ်**

နှုတ်ခမ်းတို့ကို တွန့်ကွေးရုံသာ ပြုံးလိုက်သည်။

ထို့နောက် နှုတ်ခမ်းကိုဟကာ လေမှုတ်သွင်းလိုက်သည်။

ထိုသို့ သုံးလေးကြိမ်မျှ ကူညီပြီးသည့်နောက် Gunနှုတ်ခမ်းမှ ဆားငန်ရေတွေ ဒလဟော အန်ထွက်လာလေသည်။

"ညီ သက်သာလား၊ ညီ"

Gunကို ဆွဲထူကာ ကျောကိုသပ်ပေးရင်း တတွင်တွင် ခေါ်နေလေသည်။

"အဟွတ် ဟွတ် ဟွတ်!!!"

Gun ချောင်းတဟွတ်ဟွတ်ဆိုးရင် အသက်ရှူနှုန်း မြန်နေကာ လေကို အလုအယက်ရှူသွင်းနေသည်။

"ဖြည်းဖြည်း ညီ၊ ဖြည်းဖြည်း"

Gunကျောကို မရပ်မနားသပ်ချပေးနေကာ Offမေးလိုက်သည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now