အပိုင်း(၁၀)

513 44 2
                                    

ဝရံတာဘက်တွင် စီးကရက်လက်ကြားညှပ်ကာ မီးခိုးလုံးတွေ မှုတ်ထုတ်နေသည့် Tay ။ လက်ရှိ သူဘာတွေးနေလဲဆိုတာ မည်သူမှခန့်မှန်းလို့ ရနိုင်မည်မထင်။

"ခင်ဗျားက ဂေးလား"

တိတ်ဆိတ်နေသည့် အခန်းကို တိုးသဲ့ညှင်သာသည့် အသံတို့က ဖြိုခွဲသွားသည်။

"ကိုယ်ဂေးလား မဂေးလား မင်းခုလေးတင် ခံစားထားရတာ မဟုတ်ဘူးလား"

ဆိုင်ဆိုင်၊ မဆိုင်ဆိုင် Tay ထိုကဲ့သို့သာ ဖြေလိုက်သည်။

"......!!!"
** ဘယ်လိုတောင် ပြောရဲလိုက်တာ**

New နှုတ်ကတော့ထုတ်မပြောခဲ့ပေမယ့် စိတ်ထဲကတော့ အကြိမ်ကြိမ် ရှက်ရွံ့သွားသည်။

" ကိုယ့်ကို မေးခွန်းတွေ မေးနေမယ့်အစား မင်းရဲ့ ခန္ဓာကိုယ်ကို အင်္ကျီအရင်ဝတ်သင့်တယ်လို့ မထင်ဘူးလား"

Tay ထိုကောင်လေးကို ပြောလိုက်တော့ ရဲခနဲဖြစ်သွားသည့် မျက်နှာကို ဆေးလိပ်ငွေ့တွေကြားကနေ မြင်လိုက်ရသည်။

ခဏနေတော့ လှုပ်စိလှုပ်စိဖြင့် ညကချွတ်ထားသည့် အင်္ကျီအားလုံးကို Tayအရှေ့မှာပဲ လဲဝတ်လိုက်သည်။

"ကိုယ် ဆရာဝန်ခေါ်ထားတယ်၊ နည်းနည်းပါးပါးတော့ စစ်ကြည့်လိုက်၊ ကိုယ်လုပ်ပြီး ကိုယ်ဂရုမစိုက်ဘူးလို့ အပြောမခံနိုင်ဘူး"

လက်ထဲက ဖင်စီခံသာကျန်သည့် စီးကရက်ကို ပြာချွေကာ မီးငြိမ်းလိုက်ပြီး စားပွဲပေါ်ရှိ ပြာခွက်ထဲ ထည့်လိုက်သည်။

"ခင်ဗျား!!!"

ထိုရိုင်းစိုင်းသည့် လူရှိရာဘက်ကို လက်ညှိုးထိုးလိုက်မိပေမယ့် စကားလုံးတို့က ထွက်မလာ။

"မင်း ကိုယ့်ကို မေးစရာတွေ ရှိမှာပေါ့၊ ကိုယ်လောလောဆယ် မဖြေနိုင်သေးဘူး၊ အချိန်တန်ရင် ကိုယ်အသိပေးမယ်၊ ဟက်... မင်းဘာသာမင်းလည်း သိသွားနိုင်သလို၊ သိနှင့်နေတာလည်း ဖြစ်ရင်ဖြစ်မယ် ဟုတ်လား"

ရိပ်ကနဲ ဖြတ်ပြေးသွားသည့် New၏မျက်နှာပေါ်က အတွေးတချို့ကို Tay ဖမ်းဆုပ်မိလိုက်သလိုနှင့် အဓိပ္ပါယ်က ဘာမှန်းရေရေရာရာ မသိသေးပေ။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now