အပိုင်း(၁၄)

474 43 0
                                    

Offအလုပ်စားပွဲမှာ ထိုင်နေတာ (၄)နာရီနီးပါး ရှိနေပြီဖြစ်သည်။

ဇက်တို့ကို ဘယ်ညာစောင်းငဲ့ရင်း အညောင်းညာဖြေလျော့ကာ လက်ကနာရီကို ကြည့်လိုက်သည်။

လွန်ခဲ့တဲ့(၃)ရက်က Tay၏အခန်းကို ခိုးဝင်ခဲ့ပြီးနောက် Offသည် Gunဆီမရောက်ဖြစ်ဘဲ သူရှာဖွေတွေ့ရှိခဲ့သည့်စာရွက်ပါ Projectကို ရှာဖွေနေခြင်းဖြစ်သည်။

လုံ့လစိုက်ထုတ်လိုက်တော့လည်း (၂)ရက်အကြာမှာ Off သိချင်သမျှက Offအရှေ့ကို သတင်းအချက်လက်စုံလင်စွာဖြင့် ရောက်ရှိလို့နေလေပြီ။

လုပ်ငန်းက မစတင်ရသေးပေမယ့် ခေါင်းကြီးပိုင်းတွေက Tayဆီကို ကမ်းလှမ်းထားပုံရကာ Tayက လက်မခံသေးဘဲ အချိန်ဆွဲထားခြင်းဖြစ်မည်။

Tayက တဖက်က လူတွေရဲ့အကြံအစည်တွေကို ကြိုမြင်ပုံရသည်။ ထိုလုပ်ငန်းကို ရင်းနှီးမြုပ်နှံမည်ဟု သတင်းသဲ့သဲ့တောင် ထွက်ပေါ်လာခြင်း မရှိသေးပေ။

တူ...တူ...တူ....!!!

Phမြည်သံထွက်ပေါ်လာပြီးနောက်...

"အင်း ကိုယ်အခုလေးတင် ငယ့်ကို Phဆက်တော့မလို့"

Offမုသားတချို့ ထုတ်သုံးမိပြန်သည်။ အမှန်တိုင်း ပြောရရင် ကောင်လေးကို သူမေ့နေခဲ့တာ မဟုတ်လား။

(AN_ ငါ့Gunလေး သနားပါတယ်။ သူ့ကိုကိုက သတိလွတ်လိုက်။ သူ့ချစ်သူက မေ့လိုက်နဲ့)

"Gunက အကိုOff အချိန်ရရင် နေ့လည်စာ အတူတူစားချင်လို့ပါ"

Gunက တက်တက်ကြွကြွ ဆိုလေသည်။

"ရတယ်လေ ငယ်ရဲ့ ကိုယ်လာခဲ့မယ်"

"ဟင့်အင်း အကိုOffလာတာကိုစောင့်ရင် Gun ဗိုက်ဆာလွန်တော့မယ်၊ Gunပဲ လာခဲ့လိုက်တော့မယ်နော်"

စားစရာတွေ ဝယ်ထားပြီးပြီဖြစ်တဲ့ Gunက ခပ်လောလောပင် ပြောလေသည်။

"ဟုတ်ပါပြီဗျာ"

"ဟီး ဟီး တာ့တာနော်"

ပျော်ပျော်ရွှင်ရွှင်Phချသွားသည်ကြောင့် Offအတွေးတို့ဖြင့် ငိုင်သွားလေတော့သည်။

တစ်နေ့။ အရာအားလုံး ပြီးဆုံးသွားတဲ့တစ်နေ့ကျရင်၊ သူ ကောင်လေးကို ထားခဲ့နိုင်ပါ့မလား။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now