အပိုင်း(၂၁)

512 44 6
                                    

တိမ်စိုင်တွေရဲ့အထက်မှာ တရိပ်ရိပ် မောင်းနှင်နေသည့် အဖြူရောင်လေယာဉ်တစ်စီး။ ထိုလေယာဉ်ပေါ်တွင်တော့ Gun တို့သူငယ်ချင်း(၃)ဦးအပြင် Gun၏ကိုယ်ရံတော်များလည်း စီးနင်းလိုက်ပါလာ၏။ မိန်းကလေးနှစ်ယောက်က ပြည်ပခရီးစဉ်တွေကို မိသားစုနှင့်အတူသာ ထွက်ခွာဖူးကြသည်။ အခုက မတူ။ ထူးခြားသည့် ခရီးစဉ်မို့ နှစ်ဦးသား စိတ်လှုပ်ရှားနေကြတယ်။ တိမ်ထုတွေကို ဖောက်ထွက်ပြီး မြေပြင်ကို နီးကပ်လာသည်နှင့်အမျှ ကျွန်းသေးသေးက တဖြည်းဖြည်းမြင်ကွင်းကျယ်လာခဲ့သည်။ သမုဒ္ဒရာအလယ်က ကျွန်းလေးမို့ လေးဘက်လေးတန်က ရိုက်ခတ်နေတဲ့ လှိုင်းဖြူဖြူကြီးတွေကိုလည်း မြင်နေရ၏။ ကိုယ်နေထိုင်ရာ မြို့ပြနဲ့ အသွင်မတူ ကွဲပြားလှတဲ့ ကမ္ဘာမြေပေါ်က တစ်နေရာစာလေး။

"ငယ်...ကိုယ်ရဲ့ငယ်"

မတွေ့တာကြာခဲ့ပြီ။ တစ်ပတ်လောက်ပျောက်သွားသည့် အကိုOffက Gunအရှေ့နားတွင် ပေါ်လာခဲ့တယ်။

"ခင်ဗျားက ဘယ်လိုလုပ်....အ!!!"

မျက်နှာချင်းဆိုင် ပွေ့ဖက်ခြင်းက ဘာမှမဟုတ်ပေမယ့် Gunရင်ကွဲမတတ် နှလုံးခုန်နေခဲ့တယ်။

"ကိုယ်လွမ်းနေခဲ့တာ"

ညှိုးငယ်နေတဲ့ မျက်နှာအမူအရာက Gunကို စိတ်ပူစေတယ်။

"အကိုOff...!"

Offမျက်နှာကို မော့ကြည့်ချင်သည့်စိတ်ကြောင့် ပွေ့ဖက်ထားသည့် လက်တို့ကို ဖယ်ခွာပြီး Gunရုန်းကန်သလို ဖြစ်နေခဲ့တယ်။

"Gun...Gun...Gun.."

အထိတ်တလန့် နိုးလာတဲ့အခါ ဘေးနားက သူငယ်ချင်းမလေးတွေသာ ရှိနေခဲ့တယ်။ Gun လေယာဉ်ပေါ်မှာပဲ ရှိသေးတာပဲ။ အိပ်မက်ထဲမှာ အကိုOffက Gunကို တင်းတင်းကြပ်ကြပ် ပွေ့ဖက်ခဲ့တယ်။ အပြင်မှာ တစ်ခါမှ ထိုကဲ့သို့ မလုပ်ဖူးပေမယ့်လို့ပေါ့။ ပထမဆုံး။ တင်းကြပ်စွာ။ အသက်ရှူရပ်မတတ် ပွေ့ဖက်ခံရတာက ကံမကောင်းစွာပဲ အိပ်မက်ဖြစ်နေခဲ့တယ်။ အိပ်မက်ထဲမှာ အကိုOffက Gunကို အတော်လွမ်းနေခဲ့တာပဲ။

"အင်း အိပ်မက်မက်နေတာ"

"အကိုOffလို့ ခေါ်လိုက်သံကြားတယ်"

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now