အပိုင်း(၇)

568 39 4
                                    

တီ တီ!!!

ကားဟွန်းသံ နှစ်ချက်ဆင့်တီးလိုက်ကာ ရှေ့နားက လမ်းလျှောက်သွားနေသော ကျောင်းသားသုံးယောက်ကို လှမ်းအသိပေးလိုက်ပြီး ဘေးနားလေးထိ မောင်းသွားရင်း မှန်ကိုချကာ ခေါ်လိုက်သည်။

"Gun...."

ခေါ်သံကြောင့်သာ သုံးယောက်လုံး လှည့်ကြည့်လာသည်။

အစက ဟွန်းသံကြောင့် ဘေးနည်းနည်းကပ်ကာ လမ်းလျှောက်မပြတ် စကားပြောမပြတ်။

"ဟယ် အကို Off"

သူငယ်ချင်းထဲက ခပ်သွက်သွက်ဖြစ်သည့် Popဆိုသည့် ကောင်မလေးက ခေါ်လေသည်။

ကျွန်တော်ဦးတည်ရာ ငယ့်ဆီက Attentionက ပြုံးပြကာ ခေါင်းလေးညိတ်ပြရုံလေးသာ ရရှိသည်။

**ဟား... ကိုယ်က ငယ့်ဆီက Attention လိုချင်လို့ တစ်ခါမှ ထုတ်မစီးဖြစ်တဲ့ Mercedes_ Maybach ကို ထုတ်စီးလာတာနော်**

ကိုယ့်ငယ်က ဘောစိလေးမှန်း သိပါတယ်ကွာ။ ကိုယ်ကတော့ ငယ့်ရှေ့မှာ သားနားအောင် လုပ်လာရတာ၊ ကိုယ့်ကို အသိမှတ်ပြုပါအုံး။

"Gun..Gun ဘာတွေတွေးနေတာလဲ၊ ဟိုမှာ အားနာစရာ"

"မဟုတ်ပါဘူးဟ၊ အကို့ကို အစောကြီး
ရောက်လာမယ်လို့ မထင်လိုက်ဘူး"

Gunက အနေခက်သလိုလေး ပြောသည်။

"ကိုယ့်အမှုသည်တစ်ယောက်နဲ့ ချိန်းပြီး အပြန် သွားစရာမရှိတာနဲ့ ဒီကိုပဲ တန်းလာလိုက်တာ၊ ဘာလဲ Gunက ကိုယ့်ကို မုန့်မကျွေးချင်တော့ဘူးလား"

အနေမခက်စေရန် ရွှတ်နောက်နောက်လေး ဆိုတော့ သူငယ်ချင်းသုံးယောက်လုံးက ပြာပြာသလဲဖြစ်သွားကာ သူလည်း ကားရပ်သည့်နေရာတွင် ရပ်ထားလိုက်ပြီး ကားထဲက အထုပ်ကလေး (၃)ခုကို ယူချလာသည်။

"လာ အကို ထိုင်ပါ၊ နေရာက Gunရွေးထားတာလေ၊ အကိုကြိုက်ရဲ့လား"

ဆိုင်အခင်းအကျင်းကို ဝေ့ကြည့်လိုက်တော့ နာမည်ကြီး တက္ကသိုလ်နားက စားသောက်ဆိုင်လို့ မပြောရဘူး အပြင်ဆင်ကအစ သားနားနေသည်။

လွန်ခဲ့တဲ့ နာရီပိုင်းက ငယ့်ဆီက Phလာကာ အချိန်ရရင် ဒီနေ့မုန့်ကျွေးပါရစေဆိုပြီး ချိန်းဆိုလာသည်မို့ ရှိသမျှအလုပ်တွေကို ဖြတ်လိုက်ကာ လူက တစ်လတစ်ခါတောင် မရောက်ဖြစ်သည့် အိမ်ကိုပြေးရသေးသည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now