အပိုင်း(၁၉)

480 45 9
                                    

"ပေးပေး ကိုယ်လုပ်ပေးမယ်"

မနက်အိပ်ယာနိုးတော့ ပြတင်းပေါက်မှန်မှ ဖြတ်သန်းပြီး အလင်းတန်းတို့သည့် အခန်းတွင်း ကျရောက်နေသည်။ ကောင်းကင်ပြာပြာနဲ့ ရာသီဥတုက သာယာနေလေတယ်။ ကုတင်ဘေးက စားပွဲပေါ်ရှိ ရေခွက်က ရေကုန်နေခဲ့သည်။ ထို့ကြောင့် လျော့ရဲရဲဖြစ်နေသည့် Bathrobeခါးစည်းကြိုးကို ခပ်တင်းတင်းချည်ပြီး အောက်ထပ်ထမင်းစားခန်းကို ဆင်းလာခဲ့တယ်။ ထမင်းစားခန်းထဲရှိ စားပွဲပေါ်တွင် ရေခြိုင့်ကြီးကြီးကို လက်နှစ်ဖက်ဖြင့်မယူကာ ဖန်ခွက်ထဲသို့ ရေလောင်းထည့်လိုက်၏။ ထိုစဉ်မှာပဲ ရင်းနီးနေတဲ့အသံတစ်ခုက နံဘေးနား ပေါ်ထွက်လာပြီး ရေချိုင့်က လူတစ်ယောက်၏လက်ထဲသို့ ပါသွားလေသည်။

"ငယ် ရော့"

Gunသည် စားပွဲနားက ခုံတစ်လုံးကို ဆွဲယူကာ ထိုင်လိုက်ပြီး ကမ်းပေးလာသည့် ဖန်ခွက်ကို လှမ်းယူလိုက်သည်။ ထို့နောက် မျက်လုံးကိုဖျပ်ကနဲ လှန်ကြည့်လိုက်ပြီးနောက် မျက်လုံးတို့ကို မှေးစင်းပြီးရေကို ဖြည်းဖြည်းချင်းသောက်နေလိုက်တယ်။

ငယ်သည် အိပ်ချင်မူးတူးခြင့် အပေါ်ထပ်က ဆင်းလာလေ၏။ ဆံပင်မွှေးလေးတို့ ဟိုဟိုဒီဒီ ထိုးထိုးထောင်ထောင်နဲ့ ပွယောင်းယောင်း ဖြစ်နေပုံက ဆွဲယူပွေ့ပိုက်ချင်စရာ။ ငယ့်ကို နည်းနည်းတော့ စိတ်ဆိုးချင်မိလေတယ်။ ကိုယ်ရံတော်တွေ အိမ်ထဲအနှံ့စောင့်ကြပ်နေကြသည်မို့ ငယ့်၏ချစ်သဖွယ်ပုံကို ထိုသူတို့က ယခင်ကတည်းက တစ်ချိန်လုံး မြင်တွေ့ခဲ့ဖူးဟန်တူကြသည်။ ငယ်၏ ထိုသို့သော ပုံရိပ်တို့ကို ထူးဆန်းနေဟန် လိုက်ကြည့်ခြင်းမရှိ။ တည်ငြိမ်စွာပင်။ မတည်ငြိမ်သူက ဒီလူပင်ဖြစ်ရ၏။ ရေခြိုင့်ကြီးကြီးကို သေးသွယ်သည့် လက်ချောင်းလေးတွေဖြင့် မယူလိုက်တာမို့ အပြေးကူမိတယ်။ ဖျပ်ကနဲ အကြည့်လေးတစ်ချက်ကို အမိအရ ဖမ်းယူပြီးနောက် ရင်မှာတသိမ့်သိမ့် ခုန်ရ၏။ မျက်တောင်တို့ကို မှေးစဉ်းကာ ရေသောက်နေပုံက ချစ်စရာကောင်းလှသည်။ ဒီလူသားလေးကို အရင်လို မတို့မထိရက်ပေမယ့်လည်း အနားမှာ နေခွင့်ရနေတာကိုက သူ့အတွက် ကံကောင်းမှုကြီးပဲ ဖြစ်သည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now