အပိုင်း(၁၃)

458 37 0
                                    

"မင်းတို့ ဘာအသုံးကျလဲ... ငါငွေအများကြီး အကုန်ခံခဲ့တာ ဒီနေ့လိုမျိုးတွေ ဖြစ်မလာဖို့ကွ"

!!!!ခွမ်း....!!!ဒုန်း.....!!!!

လက်ထဲက ကိုင်ထားသည့်Phကို နံရံသို့ ပစ်ပေါက်လိုက်ပြီးနောက် နံရံထောင့်ရှိ အလှပန်းအိုးကြီးကိုလည်း ဂေါ့ဖ်ရိုက်တံဖြင့် လွှဲရိုက်ကာ ခွဲလိုက်သည်။

အမတ်လောင်း၏ စိတ်အခြေအနေမကောင်းပုံက မည်သူမှ လိုက်လံဖြန်ဖြေနိုင်စွမ်း မရှိသလို ဇနီးသည်မှာလည်း ဂျောင်လေးတွင် ရပ်နေရုံသာ တတ်နိုင်ခဲ့သည်။

သူ၏ တစ်ဦးတည်းသောသား မင်္ဂလာဆောင်ပြီး တစ်ပတ်အကြာမှာ သတင်းတွေက နားနဲ့မဆန့်အောင် ကြားလာရသည်။

သူ့ကိုအတိုက်အခံလုပ်ပြီး ဖွင့်လာသည့် Entertainmentကို အလုပ်ဆင်းခွင့် ပိတ်ခံရတယ်တဲ့။

သူ့သားဒီအလုပ်ကို ဘယ်လောက်တောင်သဘောကျသလဲဆိုတာ သူအသိဆုံးပဲလေ။ သူ့တုန်းက မိဘအလုပ်ကို လုပ်ပါဆိုပြီး အတင်းဖိအားမပေးခဲ့တာက သူ့သားနဲ့သူ့ကြားမှာ ညှိမရတဲ့အခြားကိစ္စတွေလည်း ရှိခဲ့တဲ့အပြင် သူနဲ့သားလေးကြား အခိုက်အတန့်အားဖြင့် ဝေးကွာနေသောကြောင့်ဖြစ်သည်။

သူက အိမ်အပြင်မှာထွက်နေတဲ့ သားဖြစ်သူကို အတင်းအကြပ်အိမ်ပြန်ခေါ်ကာ သူဖြစ်ချင်တာကို အတင်းအကြပ် လုပ်နိုင်စွမ်းရှိတယ်။ သို့သော်လည်း သူ့သားလေးရဲ့ စိတ်တိုင်းကျသာ နေစေခဲ့သည်။

ဒါကို ဟိုအရိုင်းစိုင်းကောင်က သူ့သားလေးကို အိမ်ထဲပိတ်ပြီး နှိပ်စက်နေသေးတယ်လို့လည်း သတင်းတွေကရနေသည်။

ဒါဟာ သူ့ကိုမျက်လုံးထဲမထည့်ဘဲ စော်ကားသွားတယ်လို့ ခံစားနေရသည်။

"Mommyကြီး မင်းသားကို အိမ်ကိုလာခဲ့ဖို့ခေါ်လိုက်"

"Daddyရယ် ဒါကတော့"

"မလိုချင်ဘူး၊ အခုခေါ်"

ခေါ်လိုက်တော့လည်း ရောက်လာသည့် သားတော်မောင်က ရှေ့ကားနှစ်စီး နောက်ကားနှစ်စီး ခြံရံလို့။

အမတ်လောင်းဖြစ်တဲ့သူတောင် ဘော်ဒီဂတ်ကားက ရှေ့တစ်စီး နောက်တစ်စီးသာ ပါလေသည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now