အပိုင်း(၁၅)

522 43 6
                                    

ကောင်းကင်ပြာပြာအောက်က လူရောင်စုံတွေကြားထဲ Offသည် Gun နှင့် ရှေ့ဆင့်နောက်ဆင့်လေး လျှောက်နေလေသည်။

ဒီနေ့ ငယ့်ကို အပြင်လိုက်ပို့ကာ ပျော်ပျော်ရွှင်ရွှင် လျှောက်သွားဖြစ်သည်။

မနက်(၉)နာရီလောက်တွင် မြို့လည်ခေါင်က လမ်းဘေးဆိုင်လေးတွင် မနက်စာကို ရိုးရိုးရှင်းရှင်း စားသောက်ခဲ့သည်။

"အကိုOff ဒါလေးကောင်းတယ်နော်"

"ငယ် ကြိုက်လား၊ ကြိုက်ရင်များများစား"

နံရိုးခေါက်ဆွဲကို နှစ်နှစ်ခြိုက်ခြိုက်စားနေသည့် ထိုကောင်လေးကို Offသည် ငေးကြည့်နေဖြစ်ခဲ့သည်။

ထို့နောက် အထင်ကရ ပန်းခြံတစ်ခုကို သွားရောက်လည်ပတ်ကာ မျက်နှာချင်းဆိုင် တူတူထိုင်ပြီး ရေခဲမုန့်စားခဲ့ကြ၏။

"ငယ် ကိုယ်တို့ ကားပတ်မောင်းကြမလား"

"အင်း"

ပျော်ပျော်ရွှင်ရွှင် ခေါင်းညိတ်လာတဲ့ ကောင်လေးကြောင့် မြို့ပြင်နားအထိ ကားလျှောက်စီးခဲ့ကြသေးသည်။

နေ့လည်စာကို မြို့ပြင်က ရိုးရာစားသောက်ဆိုင်တွင် စားခဲ့ကြကာ အစပ်ကြိုက်တဲ့ ငယ်က ရူးရှဲလိုက်အောင် စားနေသည်မို့ Offမှာ ရေနွေးပူပူလေးမှုတ်ကာ ချော့မော့တိုက်ရသေးသည်။

အအေးကို လက်လှမ်းနေတဲ့ ငယ်က လူကိုနှုတ်ခမ်းစူနေသေးသည်။

"မဆိုးနဲ့ငယ် ဗိုက်နာမယ်"

စိတ်ပူဟန်အပြည့်ဖြင့် Offသည် တားမြစ်ခဲ့သည်။

"အကိုOff"

Gunတကယ်ကြိုက်တဲ့ အစားစာတွေကို ပိတ်ပင်နေပေမယ့် အကိုOffမို့ Gunပျော်ပါသည်။ ထို့နောက် တိုးတိုးသာသာ ခေါ်ဖြစ်ခဲ့သည်။

"ဟင်"

အကိုOff၏ ထူးသံလေး၊ တကယ်ကို နားထောင်ကောင်း၏။

"Gunကို ချစ်လား"

မျှော်လင့်ချက်ဖြင့် ထိုစကားလုံးတို့ကို ထုတ်ပြောဖြစ်ခဲ့သည်။

သူသိချင်ပါသည်။ အတူတူရှိနေတဲ့ တလျောက်လုံး အကိုOffကိုသာ Gunက ပြောခဲ့ရလေသည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now