The end

897 55 14
                                    

ဆေးရောင်စုံချယ်သထားတဲ့ ကားချပ်များကို သစ်သားထောက်တံများပေါ်တွင် တင်ထားသည်က နေရာအနှံ့။ နံရံမှာ တချို့တလေကို ချိတ်ဆွဲထားကာ တချို့တလေက စားပွဲပေါ်တွင်။ ဆွဲလက်စ ပန်းချီကားပေါ်က စုတ်ချက်တွေက သေသပ်လှပနေသည်။ ရုပ်လုံးမပေါ်သေးပေမယ့် သေသပ်တဲ့စုတ်ချက်နဲ့ ပုံကြမ်းအနေအထားကပင် ထိုပုံကို မည်မျှမြတ်နိုးစွာ ပုံပေါ်ထားမှန်း သိသာစေတယ်။ နဖူးပေါ်ဝေ့ဝဲကျနေသည့် ဆံစအချို့ကို လက်ဖျံဖြင့် ပွတ်တင်လိုက်တယ်။

ထိုပုံလေးကို မိမိရရ မှတ်တမ်းတင်လိုက်သူကတော့ Off။ Offသည် တစ်နေ့တစ်မျိုး မထပ်ရအောင် ချစ်ရသူ၏ လှုပ်ရှားမှုများကို ပုံရိုက်ယူကာ သိမ်းဆည်းသည့်အကျင့်တစ်ခု တိုးလာလေသည်။

"ငယ်... ပင်ပန်းနေပြီလား"

"အကိုOff"

"အမောပြေလေး သောက်လိုက်အုံး"

"ချစ်တယ်ဗျ...မွ"

နှုတ်ခမ်းပေါ် နူးနူးညံ့ညံ့အနမ်းလေး ဖျပ်ကနဲ လာရောက်နားခိုပြီးနောက် အအေးခွက်ကို ယူသောက်သွားတယ်။

နှုတ်ခမ်းလေးကို လက်ဖြင့်ဖွဖွထိကိုင်ရင်း Offသည် ကျေနပ်စွာ ပြုံးလိုက်၏။ ငယ်က အရမ်းချစ်ဖို့ကောင်းတာပဲ။

"ငယ် ပုံက ပြီးတော့မှာလား"

"ဟုတ်... ဒါလေးကို ပြတဲ့အထဲထည့်မှာလေ"

"လေလံထဲ ထည့်မှာလား"

" လေလံညကျ ကြည့်ပေါ့"

"ကိုယ့်ကလေးက ကိုယ့်ကိုတောင် လျို့ဝှက်နေပါလား ဟင်... အဆိုးလေး"

"ခစ် ခစ်.... အကိုOff... ယားတယ်"

နှာဖျားလေးကို လက်ညှိုးလေးနဲ့ ပွတ်ဆွဲချရင်း စနောက်လိုက်ကာ Offသည် မျက်နှာကို နီးနီးကပ်ကပ် နှိမ့်ချလိုက်ရင်း ငယ်၏ ဦးခေါင်းကနေ လည်ပင်း နားရွက်လေးများပေါ် တိုးတိုက်ကာ နားရွက်ဖျားလေးကို သွားဖြင့်ဖွဖွကိုက်လိုက်၏။

"ယားတယ်ဆို အ!!! လူညစ်ကြီး.... အွန်းးးးးးးဟင်း"

စနောက်နေရာမှ အနမ်းတစ်ခုအဖြစ် ဖန်တီးရယူကာ ချစ်ရသူကို ခါးကနေ ပွေ့ချီလိုက်ကာ တင်ပါးကိုပင့်မရင်း စားပွဲပေါ် တင်လိုက်သည်။ အနမ်းတို့က နင့်နင့်သည်းသည်း။ တကယ်ကို ရိုမန့်တစ်ဆန်တဲ့နေ့ရက်တွေ ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ရိုး အမှန်ပင် ဖြစ်သည်။ အခန်းငယ်လေးဟာ တိတ်ဆိတ်သွား၏။ လူနှစ်ဦး၏ ချစ်စိတ်မွှန်နေသော အသက်ရှူသံပြင်းပြင်ထန်ထန်ကိုသာ ကြားနေရသည်။ တခါတရံ လေပြေအဝှေ့နှင့်ကြုံကြိုက်တော့ ပြတင်းပေါက်မှ လိုက်ကာစလေးက တလူလူလွင့်လာလိုက်၊ တည်ငြိမ်သွားလိုက်။ အပြင်ဘက်က သက်တမ်းရင့်သစ်ပင်ကြီးပေါ်၌ ခနတဖြုတ်လာနားသည့် ကျေးငှက်လေးတောင် အချစ်ငှက်နှစ်ကောင်၏ ချစ်ကြည်နူးနေပုံကို ရှက်ရွံ့သည့်အလား ကျောခိုင်းကာပျံသန်းသွား၏။ နေမင်းကြီးလည်း တိမ်တိုက်တွေကို အကာကွယ်ယူလို့ ပုန်းကွယ်သွားလေတော့သည်။ ချစ်ခြင်းတို့သည် နေ့နေ့ညည၊ အချိန်မရွေး၊ နေရာမရွေး။

🎉 You've finished reading မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) 🎉
မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now