"သခင်လေး ကားက မရတော့ဘူး"
အိမ်ကထွက်လာတုန်းက အကောင်းကို။ အခုကြတော့ ကောင်းရောပဲ။ ကားဘီလေစိမ့်သည်တဲ့။
"ဟူး၊ ရတယ် ဦးလေး၊ ကျွန်တော် Tulipကို အငှားကားနဲ့တင်ပေးလိုက်မယ်၊ ဦးလေးနဲ့ ကျွန်တော်က အိမ်ကလာတဲ့ကားကို ပြန်စောင့်ကြတာပေါ့"
Tulipနဲ့ ပန်းချီဆွဲပြီးတော့ သူတို့မြို့နယ်ထဲက Martတစ်ခုကို ထွက်လာကာ တိုလီထွာလီ လိုက်ဝယ်ကြသည်။
"ဒါပေမယ့် သူဌေးက.."
"ကိုကိုမဆူပါဘူး၊ Gunတို့ အိမ်ကကားပဲစောင့်ရအောင်"
workshopကို လှမ်းခေါ်ထားသည်မို့ ကားကို ခဏနေလာဆွဲသွားမည်။
Gun တို့လည်း ကားလာယူသွားတာနဲ့ အိမ်ပြန်ရုံပဲ။
"ဟော...တူပါတယ်လို့ ကြည့်နေတာ၊ ညီပဲ၊ Gun"
လျောကနဲ အရှေ့မှာ လာရပ်သည်က အကိုOffရဲ့ကား။ ဟိုနေ့ကလို Maybachတော့ မဟုတ်တော့ဘဲ Toyotaအမျိုးအစားထဲက ကားနောက်တစ်စီးနှင့်ဖြစ်သည်။
"အကိုOff... ဘယ်လာတာလဲ"
"ကိုယ့်ရုံးက ဒီနားလေးပဲ၊ ညီကရော ကားပျက်တာလား"
"ကားဘီးလေစိမ့်တာတဲ့ အဲ့တာ အိမ်ကိုလှမ်းခေါ်မလို့"
ကားဘီးလေစိမ့်တာဆိုမှ Davidကို ကျိတ်ချီးကျူးရသည်။ ဒီလူ တကယ်လုပ်လိုက်တာပဲ။
"တက်!!!"
"ဗျာ!!!"
"ကားပေါ်တက် ကိုယ်လိုက်ပို့မယ်"
Offကပြောတော့ ညီကစဉ်းစားသလို ဖြစ်နေလေသည်။
စဉ်းစားခိုင်းလို့ ဘယ်ရမလဲ။ ဒီလိုအခြေအနေကို မရရအောင် ဂွင်ဖန်ထားရတာ။
"ဒါဆို Gun အိမ်အရင်ပြန်နှင့်မယ်နော်၊ ဦးလေးက ကားကိုပဲစောင့်လိုက်တော့"
"စိတ်ချ သခင်လေး၊ ဒီက ညီလေးရေ သခင်လေးကို သေချာလိုက်ပို့ပေးပါနော်၊ အိမ်ကကားလာတာကို စောင့်ရင် ကြာအုံးမှာမို့ စိတ်မရှိပါနဲ့ဗျ"
Driverက လူယဉ်ကျေးဖြစ်ကာ စကားပြောရည်မွန်လေသည်။
"စိတ်ချပါ"
ČTEŠ
မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed)
FanfikceOFFGUN Fanfic Zawgyi & Unicode 6.6.2021 to 11.7.2021