အပိုင်း(၉)

503 45 2
                                    

"အင်း၊ ဘယ်သူဘယ်ဝါဆိုတာ စိတ်မဝင်စားဘူး၊ သူကပြစ်မှုတွေကျူးလွန်ထားသူပဲ၊ တော်ပြီ...တော်ပြီ ငါ့ကိုတရားမပြနဲ့ Arm၊ အင်း ၊ အင်း ကျေးဇူးပဲ ၊ ငါ့အိမ်ကို တစ်ချက်ကြည့်ထားပေးအုံး...အင်း… ဒါပဲ"

တီကနဲ ကျသွားသည့် Phကို Sofaရှည်ပေါ် ပစ်တင်လိုက်သည်။

ထို့နောက် ရှပ်လက်ရှည်အနက်ရောင်ကို ကြယ်သီးသုံးလုံးချန်တပ်လိုက်ပြီး လောင်းကုတ်နီညိုရောင်ကို အပေါ်ကထပ်ဝတ်လိုက်ကာ လည်သာပြောင်လက်နေသော ဖိနပ်တစ်ရံကို ဝတ်လိုက်သည်။

ထို့နောက် သူပိုင်သည့် ဟိုတယ်ပေါ်မှ ဆင်းလာကာ Barရှိရာသို့ ဦးတည်သွားလေသည်။

ကောင်တာက ကောင်လေးက Tayကို မြင်တာနှင့် ခေါင်းညိတ်ပြသည်။

သားကောင်ဖမ်းဖို့စောင့်နေတာ နေ့ပေါင်းများစွာ။

လွယ်လင့်တကူ အဆင်သင့်လေးကြတော့ ရေခြားမြေခြားမှာမှ လာအဆင်ပြေရတယ်လို့...ဟက်... ခင်ဗျားကြီး လုပ်ထားသမျှ သွေးကြွေးတွေ ခင်ဗျားသားကို ဆပ်ခိုင်းရတာ စိတ်မကောင်းပါဘူး။

လဲပြိုနေသော ကိုယ်ပျော့ပျော့လေးကို ခါးလည်ကဖြတ်ထမ်းကာ ပုခုံးပေါ်တင်ရင်း အပေါ်ထပ်က အသင့်ပြင်ထားသည့် အခန်းကိုလာလိုက်သည်။

ဆေးရဲ့အာနိသင်ပြလာမယ့် အချိန်က တစ်နာရီစာအချိန်ရသေးသည်။

ကိုယ်တို့ဖြည်းဖြည်းချင်း သွားကြတာပေါ့ အတန်းတူသူငယ်ချင်းလေး။

စောစောသိခဲ့ရင် ကိုယ်စောစော လာရှာမှာပေါ့။ ခုတော့ အသိနောက်ကျလိုက်တာ။

ဖြူနုနုကိုယ်လေးကို တစ်လွှာချင်းခွာရင်း Tayတစ်ယောက် ဟားတိုက်ရယ်လိုက်သည်။

ယောကျာ်းတစ်ယောက်ရဲ့မာနက ကျိုးကျေပျက်ဆီးသွားတဲ့အခါ မင်းဆီက အပြစ်တင်လာမယ့်စကားလုံးတွေကို ကိုယ်စောင့်နေပါသေးရဲ့။

×××××××××××××××××××××××

ထိုးကိုက်လာသော ခေါင်းကြောင့် ကျွတ်စ်တစ်ချက် စုပ်သပ်ရင်း မျက်လုံးတို့မှေးမှိတ်ထားရာမှ ခေါင်းကိုခါရမ်းမိသည်။

မုန်း၍ချစ်ခဲ့သည် ( မုန်း၍ချစ်ခဲ့သည် )(Completed) Where stories live. Discover now