Part 1

1.1K 26 3
                                    

Chapter 1

Canteen မှာ ၀င်ထိုင်လိုက်တော့ ဝိုင်းတော်တော်များများက ကောင်မလေးတွေရဲ့ အကြည့်တွေ သူ့ဆီရောက်လာတာမို့  ဟန်သာပြုံးလိုက်မိသည်။

ရှပ်အပြာနုရောင်ကို လက်ခေါက်တင်ထားပြီး Jeanနဲ့တွဲ၀တ်ထားသည့်ပုံစံက မိန်းကလေးတွေရဲ့ အသည်းကိုမှ ခွဲပြီး ပျော်တတ်သူလို့ မထင်ရလောက်အောင် ရှင်းသန့်တည်ကြည်နေသည်။

ဒါမှမဟုတ် သူ့ရဲ့ ဒီပုံစံကိုပဲ ကြွေဆင်းယုံကြည်ကြလေသလားတော့ မသိပေမဲ့ ဟန်သာဦးဆိုတာ play boyတစ်ယောက်မှန်း မိန်းကလေးတော်တော်များများ သိကြသည်။

Play Boyဆိုပေမဲ့ ရည်းစားတော့ တ‌စ်ယောက်မှမရှိသေးဘူး ။ ဟာ ဟ တရား၀င်ကို ပြောတာပေါ့နော်။

ဘယ်မိန်းကလေးကိုမှ ချစ်တယ်လို့ ဖွင့်မပြောဘူးပဲ မိန်းကလေးတော်တော်များများနဲ့ တွဲခွင့်ရနေတာကိုက သူ့ပုံစံပဲလေ။

သူက အချစ်ဆိုတာကို မယုံသလို တွဲခွင့်ရရုံနဲ့ ချစ်တယ်ဆိုတဲ့စကားကို ခုတုံးမလုပ်ချင်ဘူးလေ။

ပြီးတော့ အကြာကြီးတွဲမှာလဲ မဟုတ်ဘဲ ဇယားရှုပ်အောင် ဘာလုပ်ဖို့ ချစ်တယ်လို့ပြောရမှာလဲ၊ မဟုတ်ဘူးလား။

“ဟဲ့ ဟန်သာဦးဆိုတာ သူပဲ”

“တော်တော်ချောတယ်နော်”

သူ့နောက်ဝိုင်းက ထွက်လာသည့်အသံကြောင့် တပ်ထားသည့် မျက်မှန်ကို ချွတ်လိုက်ရင်း နောက်လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။

သူပြုံးပြလိုက်တော့ အဲ့ဒီကောင်မလေးက ရှက်သွားသည်ထင်သည်။ ခေါင်းကို ငုံ့သွားသည်။

ဟန်သာလဲ ပျင်းနေတာမို့ အဲ့ဒီစားပွဲဝိုင်းဆီ ထထွက်သွားလိုက်ရင်း

“ကျနော် ဒီမှာ ထိုင်လို့ရမလား”

သူ့စကားကြောင့် အဲ့ဒီဝိုင်းက ကောင်မလေး၃ယောက်စလုံးက မော့ကြည့်လာသည်။

သူပြုံးလိုက်ရင်း “ကျနော် တစ်ယောက်တည်းစားရမှာ ပျင်းလို့ဗျ ၊ ဒီနေ့မှ ဘော်ဒါတကောင်မှ မလာကြဘူး၊ ပြီးတော့ ဒီဝိုင်းကနေ ကျနော့နာမည်လဲကြားလိုက်တော့ ကျနော့ကို သိတဲ့သူတွေပဲ ဖြစ်မယ်ထင်လို့ အသိအချင်းချင်း အတူတူထိုင်ကြရအောင်လေ”

“ဒါပေမဲ့ ရှင်မှ ကျွန်မတို့ကို မသိတာ”

ခနက ခေါင်းငုံ့သွားသည့် ကောင်မလေးဆီမှ အသံထွက်လာသည်။

“အခု သိသွားအောင် မိတ်ဆက်ကြမယ်လေ၊ ဒီ‌ကကောင်မလေးက နာမည်ဘယ်လိုခေါ်လဲ”

ပြောရင်း မေးရင်း  အဲ့ဒီကောင်‌မလေးရဲ့ ဘေးက ခုံကို ဆွဲထိုင်လိုက်ကာ အဲ့ဒီကောင်မလေးဘက် မျက်နှာမူရင်း မေးထောက်ကြည့်လိုက်သည် ။

“မြတ်နိုး”

ကောင်မလေးဆီမှ မပွင့်တပွင့်အသံလေးနဲ့အတူ ဘေးကတယောက်ဆီမှ ဟန့်သည့်သဘောမျိုးဖြင့် ဟဲ့ဆိုပြီး လက်ကို လှမ်းဆွဲလိုက်သည်။

သူက ရယ်လိုက်ပြီး “နာမည်ပဲ မေးတာပါဗျာ ၊ ကျနော် ဒီကောင်မလေးကို ဘာမှမလုပ်ပါဘူး”

ကောင်မလေးကို စိုက်ကြည့်ပြီး သူပြောလိုက်တော့ ကောင်မလေးက ခနကလိုပဲ ခေါင်းကို ငုံ့သွားသည်။

“ကဲပါ သွားတော့မယ် ကျနော်လဲ ဗိုက်မဆာတော့ဘူး ၊ မြတ်နိုးတို့လဲ အချင်းချင်းအေးအေးဆေးဆေး စားကြပါ”

“ဟင် သွားတော့မလို့လား”

မြတ်နိုးစကားကြောင့် သူရယ်လိုက်ရင်း
“သွားတော့မှာပေါ့ နောက်လမ်းတွေ့ရင် ခေါ်နော် ၊ ကျနော်ကတော့ တွေ့တဲ့နေရာကနေ အကျယ်ကြီး လှမ်းခေါ်မှာ”

သူ့စကားနဲ့ သူ့ပုံစံကြောင့် ကောင်မလေးက ချစ်စဖွယ်ရယ်လိုက်ပြီး “အင်း ခေါ်မယ်”လို့ ပြန်ပြောသည်။

သူလဲ လှည့်ထွက်ခဲ့ပြီး နောက်ပြန်လှည့်ကြည့်တော့ သူ့ကို ကြည့်နေဆဲမို့ လက်ပြရင်း နှာခေါင်းရှုံ့ပြလိုက်သည်။

ဟန်သာ ထွက်သွားပေမဲ့ အဲ့ဒီဝိုင်းကတော့ မြတ်နိုးကို ဝိုင်းပြောသံများနှင့် ဆူညံနေခဲ့သည်။

သတိထားဖို့ လက်တို့ပြမှ ကြွေဆင်းသွားရတဲ့အဖြစ်ကတော့ ရယ်ချင်စရာကောင်းနေပေသည်။

မြတ်နိုးကတော့ ဂရုမစိုက်ပါဘူး။သူက ဘယ်သူ့ကိုမှ တရား၀င်ချစ်သူအဖြစ်မထားတာ။

ပြောလို့ရမလား။
မြတ်နိုးကမှ သူတကယ်ချစ်မိသွားသူ ဖြစ်နိုင်တာပဲလေ။

အတွေးတို့နှင့် မြတ်နိုးပျော်သွားပေမဲ့ မြတ်နိုးမသိလိုက်တာ တခုက သူနဲ့ပတ်သတ်သမျှသော မိန်းကလေးတိုင်း၏ အတွေးက မြတ်နိုးနဲ့ အတူတူပဲဖြစ်ပြီး သူက ဘယ်သူ့ကိုမှ တကယ် စိတ်မ၀င်စားဘူးဆိုတာကိုပေါ့ ။

မတူညီသော ဆုံမှတ်များWhere stories live. Discover now