Part 3

387 17 0
                                    

Chapter 3

“ဝေ လာ လာ”

“လာပါပြီ မမရယ် ၊ရောက်နေပြီပဲဟာကို၊ အရမ်းလောတာပဲ”

“ဟဲ့ အေးပါဟယ် ကိုလတ်က အရေးကြီးလို့  သူ့ပစ္စည်းကို သွားပို့ပေးပါဦးဆိုလို့လေ ညီးတူမကလဲ သိတဲ့အတိုင်းပဲ နေမကောင်းတော့ အပြင်ခေါ်သွားလို့ မရဘူး မမ မရှိဘဲလဲ နေမှာမဟုတ်ဘူး ဂျီကျမှာ”

“အင်း အဲ့ဒီတော့”

“အဲ့ဒီတော့ ငါ့ညီမလေး သွားပို့ပေး”

“ကိုလတ်ဆီကိုလား”

“မဟုတ်ဘူး လိပ်စာပေးမယ် အဲ့လိပ်စာကို သွားပို့ရမှာ ၊ မြန်မြန်တော့ သွားပေးနော်၊ သူက အခု သူ့သူငယ်ချင်းအိမ်မှာတဲ့၊ ခနနေရင် ပြန်မှာမို့ မပြန်ခင်လာပေးပေးပါတဲ့”

“ဟုတ်ပါပြီ ပို့ရမဲ့သူနာမည်က ?”

“ဟန်သာဦးတဲ့ ရော့ ဒီမှာ လိပ်စာ Taxiငှားသွားနော်”

“သိတယ် ခနကလဲ Taxiငှားလာတာ။ မမက အရေးကြီးတယ်ဆိုလို့ သူများTaxiတောင် လုစီးခဲ့ရတာ”

ဝေ့စကားကြောင့် မမက ရီလိုက်ပြီး “အေးပါ ဝေရယ် ဝေက လိမ္မာပါတယ်”

“သွားပြီနော် မမ”

ဝေ လိပ်စာကို ကြည့်လိုက်ပြီး ကားငှားပြီး သွားလိုက်သည်။ ခနနေတော့ ခြံကျယ်ကြီးတခုရှေ့ ရောက်သွားသည်။ Bellကို တွေ့လိုက်တာမို့ Bellတီးလိုက်သည်။ ကောင်လေးတစ်ယောက်ထွက်လာသည်။

“ဘယ်သူနဲ့ တွေ့ချင်လို့လဲဗျ”

“ဟို ဒီအိမ်ကို ရောက်နေတဲ့ မဟန်သာဦးနဲ့ပါ”
“ဗျာ!”

“မဟန်သာဉီးလေ ပစ္စည်းမှာထားလို့ သူက အခု ဒီအိမ်ရောက်နေလို့ ဒီကို ပို့ပေးပါဆိုလို့။ ဒီမှာလေ ဒီလိပ်စာမှန်တယ်မို့လား”

ဝေပြလိုက်သော လိပ်စာကို ကောင်လေးက ငုံ့ကြည့်ပြီး
“လိပ်စာကတော့ မှန်ပါတယ် ဒါပေမဲ့ ဒီအိမ်မှာ မဟန်သာဦးဆိုတာ မရှိဘူးဗျ”

ကောင်လေးစကားကြောင့် ဝေလဲ စိတ်တိုသွားပြီး “ဘာလို့မရှိရမှာလဲ ဒီမှာရှိနေလို့ သူကိုယ်တိုင်ပို့ပေးပါလို့ ပြောထားပြီးတော့”

“ဘာဖြစ်နေတာလဲ ဖိုးပြည့်” အသံနှင့်အတူ အနားရောက်လာသော လူရိပ်ကြောင့် မော့ကြည့်လိုက်တော့ Basketballကို လက်ကကိုင်ထားပြီး ဒူးတိဘောင်းဘီတိုနှင့် အားကစားအင်္ကျီပွပွကို ၀တ်ထားသော ဝေတို့နှင့် ရွယ်တူကောင်လေးတစ်ယောက်။

ဝေလဲ အဲ့ဒီလူဘက်လှည့်လိုက်ပြီး “ဒီမယ် ဒီလိပ်စာနဲ့ ပစ္စည်းပို့ပေးပါဆိုလို့ ကျွန်မက လာပို့ပေးတာ ၊ အခုကျ လူမရှိဘူးပဲပြောနေတယ်”

သူ့ဘက်ကို လှည့်ပြီး ပြောလိုက်သော ကောင်မလေးကို ကြည့်ပြီး သုတ ငေးခနဲဖြစ်သွားသည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now