Part 11

232 10 0
                                    

“မမရေ မမ ဝေလာတယ်”

တံခါးပေါက်ကတည်းက အော်ပြီး၀င်လာတဲ့ဝေတယောက် ဖိနပ်ချွတ်ရင်း မော့ကြည့်လိုက်တော့ ဧည့်ခန်းဆက်တီမှာ တူမလေးနဲ့ဆော့နေတဲ့ လူတစ်ယောက်ကြောင့် အသံတိတ်သွားရသည်။

“ဟာ ဝေ ၊ ဝေက?”

သုတလဲ ဝေ့ကို မြင်လိုက်ရလို့ အံ့ဩစိတ်ထက် ၀မ်းသာစိတ်က ပိုသွားသည်ဆို လွန်မည်မထင်ပါ။

“တီဝေ” ပြေးလာပြီးဖက်လိုက်သည့် မီးမီးကို ပြန်ဖက်ရင်း ဝေလဲ သုတကို နှုတ်ဆက်လိုက်သည်။

“ဟော သုတ! မမတို့နဲ့ သိတာလား?”

ဝေပြောနေတုန်း နောက်ဖေးမီးဖိုချောင်ကနေ မမက လှမ်းအော်သည်။

“ဝေရေ လာကတည်းက နင့်အသံချည်းပဲ။ ဧည့်သည်ရှိတယ်"

ဪ မမနှယ် နောက်တနာရီလောက်မှ မပြောဘူးလို့ ဝေလဲ စိတ်ပေါက်ပေါက်နဲ့ တွေးလိုက်ရင်း “မြင်တယ်”လို့ ပြန်အော်လိုက်သည်။

ဝေ့ကို ကြည့်ပြီး သုတကရယ်ကာ “မမကလဲ ကျနော်က ဧည့်သည်မဟုတ်ပါဘူးနော် ပြီးတော့ ဝေနဲ့ကျနော်က သိပြီးသား။ အားနာစရာမလိုဘူးရယ် မမ”

“အယ် သိနေပြီးသားလား? ဘယ်တုန်းက သိကြတာလဲ?”

“ကဲပါ မမရယ် နောက်ကနေ လှမ်းအော်ပြီး စကားဧည့်ထောက်ခံမနေနဲ့ ရှေ့လာပြော”

ဂွက်ကနဲ အသံနဲ့အတူ ဝေ့ခေါင်းပူထူသွားသည်။ ဘယ်သူဖြစ်ရမလဲ မမပေါ့လေ။

လေထက်မြန်တဲ့အရှိန်နဲ့ နောက်ဖေးကနေ အိမ်ရှေ့ခန်းကို ဘယ်လိုကူးလာတယ်မသိ။

ဝေ့စကားတောင် မဆုံးသေးဘူး။ခေါင်းကခေါက်နှင့်ပြီးသား။လှည့်ကြည့်လိုက်တော့ လက်သုတ်၀တ်နဲ့ ယောင်းမကို တဖက်ကကိုင်လျှက်။

“အား မမ နာတယ်!”

“နာအောင် ခေါက်တာလေ။ ဘာကူရမလဲလာမမေးဘဲနဲ့ မအားတဲ့အမကို လာငေါ့နေတယ် ဟွန်း”

“လာမယ်လေ လာမယ် နည်းနည်းလောက်စောင့်ပါဦးလား။ စိတ်က တအားမြန်တာပဲ။ ခုမှရောက်လို့ မီးမီးနဲ့ သုတကို နှုတ်ဆက်နေတုန်းရှိသေး”

မျက်စောင်းထိုးရင်း ပြန်ပြောတော့ မမက လက်ထပ်ရွယ်သည်။

ဝေလဲ အမြန်ရှောငိလိုက်ရင်း ဇာက်ကိုပုကာ လျှာထုတ်လိုက်ရင်း မျက်နှာချိုသွေး ရယ်ပြတော့ မမက ရယ်သည်။ထို့အတူ သုတကလဲ ရယ်သည်။

“အယ် ဟင်းအိုး!”နောက်ဖေးကို ပြန်ပြေး၀င်သွားသည့် မမကိုကြည့်ရင်း ဝေလဲ နှာခေါင်းလေးရှုံ့ကာ ကောင်းတယ်လို့ ရွတ်မိတော့ သုတကရယ်သည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now