Part 14

220 9 0
                                    

ထွက်သွားသည့် ကောင်မလေးကို ကြည့်ရင်း ဟန်သာ သက်ပြင်းချမိသည်။

မပေးချင်လို့ မဟုတ်ပါဘူး ကောင်မလေးရယ်။ ကိုယ့်ဆီမှာ ပေးစရာကို မရှိတာပါ။

လောကကြီးမှာ ကိုယ်မယုံကြည်ဆုံးအရာက အချစ်ပဲလေ။

ကိုယ်တိုင်တောင် မယုံကြည်တဲ့အရာတခုကို ဝေ့ကို ကိုယ်ဘယ်လို ပေးနိုင်မှာလဲ ဝေရယ်။

“Ring Ring Ring”

Ringtoneသံကြောင့် ဖုန်းကို ဖွင့်ကြည့်လိုက်တော့ သုတ။

“အင်း ပြော ဟေ့ရောင်”

“ဟန်သာ ငါ တခုလောက် တိုင်ပင်ချင်လို့”

“အံမာ ထူးထူးဆန်းဆန်း ပြောပါဦး။ ဘာကိစ္စ”

“ငါ ဝေ့ကို ဖွင့်ပြောမလို့”

“--------------------“

“ဟဲလို ဟဲလို ဟန်သာ”

“အော် အင်း ပြော။ အဲ့တာ ငါ ဘာလုပ်ပေးရမှာလဲ?”

“အသံမကြားတော့ ဖုန်းကျသွားတာ ထင်နေတာ။ ဘာမှ လုပ်မပေးရပါဘူးကွာ ။ ဒီတိုင်း တိုင်ပင်တာ။ အဆင်ပြေလောက်မလားလို့”

“ငါလဲ ဘယ်သိပါ့မလဲကွာ။ ဝေ့စိတ်ကို ငါမြင်နေရတာမှ မဟုတ်တာ”

“ဟ ဟန်သာ မင်းတခုခုဖြစ်နေတာလား”

“ဘာဖြစ်ရမှာလဲ ၊ မဖြစ်ပါဘူး”

“မင်း စိတ်တိုနေလို့လေ”

“မတိုပါဘူး ၊ဒါပဲမလား ။ ငါ ဖုန်းချပြီ”

ဖုန်းချလိုက်ရင်း ဒေါသက ထွက်လာသည်။
ဘာအတွက် ထွက်လာမှန်းမသိတဲ့ ဒေါသတွေကို သူဘယ်လို ဖြေဖျောက်ရမလဲ။

သူ စိတ်လေလေနဲ့ပဲ ကျောင်းအပြင်ဘက် ထွက်ခဲ့လိုက်သည်။

“ဟေး”ဆိုပြီး ပုခုံးကို ပုတ်လိုက်တာကြောင့် သူလှည့်ကြည့်တော့ အရင်တခါ ကန်တင်းမှာဆုံတဲ့ ကောင်မလေး။

အဲ့ဒီကောင်မလေးက သူ့ကို ပြုံးကြည့်နေသည်။ ‌သူလဲ ပြန်ပြုံးပြလိုက်ရင်း

“အာ”ဆိုပြီး သူလက်ညှိုးထိုးကာ စဉ်းစားတဲ့ပုံလုပ်လိုက်တော့ ကောင်မလေးက ခြေကိုဆောင့်သည်။

“ကဲ မမှတ်မိဘူးပေါ့”

“မှတ်မိပါတယ် ၊ မြတ်နိုး ဟုတ်တယ်မလား”

“အင်း မှတ်မိသားပဲ။ ဒါနဲ့ ဘယ်သွားမလို့လဲ၊ အတန်းပြီးပြီလား”

“ဟင့်အင်း မတက်ချင်တော့လို့ လစ်လာတာ”

“မြတ်နိုးရော အတူတူပဲ” ပြောပြီး ရယ်လိုက်တာကြောင့် သူလဲ လိုက်ရယ်လိုက်သည်။ စိတ်တွေက သူထင်သလို ပေါ့မသွားပါ။

ဟန်သာနဲ့ စကားပြောပြီး အတန်းထဲ ပြန်မ၀င်ချင်တော့တာကြောင့် အိမ်ပြန်ဖို့ စိတ်ကူးရင်း ဝေ ကျောင်းပေါက်၀ဘက် ထွက်ခဲ့လိုက်သည်။

‌ရှေ့မှာ ဟန်သာနဲ့ ကောင်မလေး တစ်ယောက်။

စကားပြောရင်း ရယ်မောနေသည့်သူ့ကို ကြည့်ရင်း ခနက ကျခဲ့မိသည့် ကိုယ့်မျက်ရည်ကို ဝေအားနာမိသွားသည်။

ဝေ့ မျက်ရည်တွေနဲ့ သူမှ မတန်တာ။ အဲ့လိုလူအတွက် ဝေ ငိုနေဖို့ မထိုက်တန်လိုက်တာ။

မျက်ရည်တို့ကို သုတ်ပစ်လိုက်ရင်း ဟန်သာတို့နဲ့ ဆန့်ကျင်ဖက်ကိုပဲ ဝေ ကျောခိုင်းလှည့်ထွက်ခဲ့တော့သည်။



















မတူညီသော ဆုံမှတ်များWhere stories live. Discover now