Part 9

244 10 1
                                    


“ဟန်သာ”

ခေါ်သံနဲ့အတူ နားက နားကျပ်ကိုပါ ဆွဲဖြုတ်ပြီး သူ့နားလာထိုင်သော သုတကို ဟန်သာ ဘုကြည့်ကြည့်ပေးလိုက်သည်။

“ဘာလဲ”

“ခေါ်တာ မကြားမှာစိုးလို့ နားကြပ်ဖြုတ်တာပါကွာ၊ မေးစရာရှိလို့”

“အင်း”ဆိုပြီး ခုံပေါ်တွင် ခပ်လျှောလျှောမှီထိုင်နေရင်းကနေ ခြေချိတ်ထိုင်လိုက်ပြီး သူ့ဘက်ကို သေချာလှည့်ကြည့်လိုက်သော ဟန်သာ့ကို သုတကြည့်နေမိသည်။

ဟန်သာက အဲ့လိုပဲလေ။
သူ့ရဲ့ အပြုအမူတွေက တဖက်လူကို ဘယ်တော့မှ အရေးတယူမလုပ်ဘူးဆိုတာ မရှိတတ်ပေ။

အဲ့ဒီအကျင့်တွေကြောင့်ပဲ ဟန်သာ့ကို တူးတူးခါးခါး မုန်းနေသူရယ်လို့ မရှိတာပဲဖြစ်မည်။


ဘာမှပြန်မပြောတဲ့သူ့ကို မျက်မှောင်ကြုတ်ပြီး မေးဆတ်ပြလိုက်တာမို့ သုတ စကားပြန်ဆက်ဖို့ ကြိုးစားရတော့သည်။

“ဟိုလေ မင်းနဲ့ ခင်တဲ့ ကောင်မလေးတစ်ယောက်အကြောင်းသိချင်လို့”

“ဘယ်သူလဲ?”

“ဝေ”

“မိန်းကလေးတစ်ယောက်အကြောင်းကို ငါ အဲ့လိုမျိုး ပြန်ဖောက်သည်မချတတ်ဘူး” ပြောပြီး နားကျပ်ကို ပြန်တပ်ဖို့ ပြင်လိုက်သည့် ဟန်သာ့ကြောင့် သုတက လက်ကို လှမ်းဆွဲလိုက်သည်။

“မင်းကလဲကွာ ၊ ငါက ဘာမေးမှာမို့လို့လဲကွာ၊ သူ့အတန်းနဲ့ မေဂျာပဲသိချင်တာပါ။ ငါကလဲ မိန်းကလေးတယောက်အကြောင်းကို မြိန်ရေယှက်ရေ နားထောင်မဲ့သူမျိုးလား”

“ဘာနေနေ ၊ မင်း သိချင်ရင် မင်းဘာသာစုံစမ်း ၊ငါကတော့ မပြောပြဘူး”

“ဟာ ဟန်သာ ၊ ပြောပြပါဆိုကွာ ၊မင်းနဲ့က ခင်တာပဲကို”

“ငါနဲ့ ခင်တယ် ဘယ်သူကပြောလဲ? ကျောင်းကတခြားသူတွေကတော့ ခင်တယ်လို့ သတင်းမလွှင့်လောက်ဘူး”

“ဝေက ပြောတာလေ၊ အရင်နေ့က ချယ်ရီ့ဆီလာရင်းက သူနဲ့တွေ့လို့ နှုတ်ဆက်ရင်း မင်းနဲ့ခင်တယ်လို့ ပြောလို့လေ၊ ကျန်တာ ဆက်မေးဖို့ကို ချယ်ရီက အတင်းဆွဲခေါ်လာလို့ မမေးခဲ့ရလို့ပါကွာ”

“ငါ့နာမည် ကြားတယ်၊ ဘာပြောနေကြတာလဲ ၊ နင်တို့နှစ်ယောက် ငါ့အတင်းပြောနေကြတာမလား”

အသံနဲ့အတူ သုတဘေးနားကပ်ထိုင်လိုက်သည့် ချယ်ရီ့ကို ဟန်သာ ပြုံးကြည့်လိုက်သည်။

သုတကတော့ သူ့ကို လာဖက်သည့်လက်ကို ဆွဲဖယ်ပြီး “အေးအေးဆေးဆေး ထိုင်စမ်းပါဟာ ၊ ဟိုဆွဲ ဒီဆွဲနဲ့”လို့ပြောတော့ ချယ်ရီက ရွဲ့ပြီး လက်ကို ပိုဆွဲကာ သုတဘေးကို ပိုကပ်ထိုင်တော့သည်။

“ဟင် ဟင် ပြောလေ ၊ ဘာအကြောင်းပြောနေတာလဲလို့”

“နင့်အကြောင်း မဟုတ်ပါဘူးဟာ၊ အရင်နေ့က ကျောင်းမှာတွေ့တဲ့ ကောင်မလေးလေ 'ဝေ'ဆိုတာလေ၊ သူ့ရဲ့ အတန်းနဲ့ မေဂျာလေးပဲ သိချင်တာကို ဟန်သာက မပြောပြဘူးလေ ၊ ညစ်တယ်”

သုတစကားကြောင့် ချယ်ရီ့အသံတိတ်သွားသည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now