Part 10

239 10 3
                                    

“ဟဲ့ ဝေ”

ဖုန်းထဲကို ခေါင်း၀င်တော့မတတ်ကြည့်နေမိတဲ့ဝေမှာ နွယ်က ပုခုံးကိုပုတ်ပြီးခေါ်လိုက်တာကြောင့် မော့ကြည့်လိုက်သည်။

“ဟင် နွယ် ဘာလဲ"

ဝေပြန်မေးတာကို မဖြေဘဲ တနေရာကို မျက်စပစ်ပြနေတဲ့နွယ့်ကြောင့် ဝေလဲ လှမ်းကြည့်မိလိုက်သည်။ သူပဲ။ ဘေးမှာ ကောင်မလေးတစ်ယောက်နဲ့။

ဝေလဲ မထူးဆန်းသလိုပုံစဲနဲ့ နွယ့်ဘက်လှည့်ပြီး “ဘာဖြစ်လို့လဲ”

“ဟင် ဘာဖြစ်ရမှာလဲ အားလုံးက ဟန်သာ့ကို နင်နဲ့တွဲနေတယ်ဆိုပြီးပြောနေကြတာ”

“ငါနဲ့? ဘာလို့လဲ”

“ဟင် နင်ကပဲ ပြန်မေးနေရသေးတယ် ၊ နင်တို့ ပုံစံတွေကို ကြည့်ဦးလေ တွဲနေတာနဲ့တူတာပဲကို ၊ပြီးတော့ ဒီရက်ပိုင်း ဟန်သာ့ကို နင်နဲ့ပဲတွေ့နေရလို့ တခြားဘယ်မိန်းကလေးနဲ့မှမတွေ့ရတော့လို့ ဟန်သာက ယဉ်လဲ့ဝေဆီမှာ ဂိတ်ဆုံးသွားပြီလို့ အကုန်လုံးက ပြောနေကြတာ”

“မဟုတ်ပါဘူး”

“အေးပါ မဟုတ်မှန်းလဲ သိပါပြီ ၊ အခုမြင်ကွင်းအရ”

နွယ့်အပြောကြောင့် ဝေထပ်ကြည့်မိပြီး နွယ့်ကို ပြန်ပြုံးပြမိတော့ ဝေ့အပြုံးတို့က မပီပြင်တော့ပါ။

ရီပြီး ခေါင်းငုံ့သွားသည့် ကောင်မလေးရဲ့ဆံပင်တို့ကို နားကြားထဲပြန်သပ်ပေးပြီးရီနေတဲ့ သူ။

မြင်ကွင်းက တခြားသူတွေအတွက် လှပနေမလားမသိပေမဲ့ ဝေ့အတွက် အကျည်းတန်ပါသည်။

ဝေ့ချင်လာသည့် မျက်ရည်တို့ကို အတင်းပြန်ထိန်းရင်း ဟန်သာဆိုတာ ဒီလိုလူပဲလေလို့ပဲ တွေးလိုက်တော့သည်။

“ဒေါက် ဒေါက်”

ခုံကို လာခေါက်တဲ့အသံကြောင့် မော့ကြည့်မိတော့သူ။

ပြုံးပြရင်း သူထိုင်ခဲ့တဲ့စားပွဲကို လက်ညှိုးလှမ်းထိုးကာ
“မြင်လိုက်လို့ ၊ ဝေ လှမ်းကြည့်တာ တွေ့တယ် ၊ ဒါတောင် နှုတ်မဆက်လို့ ကျနော်က လာနှုတ်ဆက်ရတာ၊ ဝေက နေနိုင်တာပဲ”

သူ့အပြောနဲ့ သူ့ပုံစံကြောင့် ဝေပဲ အံ့အားသင့်မိသွားသည်။

ဒီလောက်ပဲလား။ သူ့အတွက် ဝေက တကယ် ဒီလောက်ပဲလား။

တခြားမိန်းကလေးနဲ့ အတူတူရှိနေရင်းကနေ ဝေ့ကို မြင်လို့ ပေါ့ပေါးပါးပါးလာနှုတ်ဆက်နိုင်တဲ့ အနေအထားမှာပဲ ဝေက တကယ်ရှိခဲ့တာလား။

“မြင်လိုက်ရက်နဲ့‌ကို နှုတ်မဆက်ရင် နှုတ်မဆက်ချင်လို့ဆိုတာ သဘောပေါက်မယ်လို့ ထင်ထားတာ”

ပြောပြီး ဝေ ထရပ်ရင်း “sorryနော် နွယ် ၊ ငါ သွားနှင့်တော့မယ်”

“မှာထားတာတွေ..”

“နင်ပဲ စားလိုက်တော့” နွယ့်ဘက်ကို လှည့်ပြောပြီး ဝေ ထထွက်ခဲ့လိုက်သည်။

ဝေ ဘာကြောင့် ဒေါသ အရမ်းထွက်သွားမိလဲဆိုတာ ဝေ မသိပါ။ အဲ့ဒီလိုပဲ သူလဲ နားလည်ပုံ မပေါ်ပါ။

မတူညီသော ဆုံမှတ်များWhere stories live. Discover now