Part16

223 10 0
                                    

"Sorry ဝေ နောက်ကျသွားပြီမလား"

"မနောက်ကျသေးပါဘူး ၊ မှီသေးတယ်။ ၅မိနစ်တောင်လိုသေးတယ်"

သုတစကားကြောင့် ဝေရယ်လိုက်မိပြီး

"အဟီး ၅မိနစ်ကြီးတောင် လိုသေးတယ် ဟုတ်ပါ့နော်။ အဲ့ဒီမမကလေ သူကြည့်ချင်တယ်ဆိုပြီး အခုကျတော့ မအားတော့လို့တဲ့လေ။ ကိုလတ်က အချိန်မှီမရောက်တော့ ကလေးကြည့်မဲ့သူမရှိဘူးဆိုပြီး နေခဲ့တယ်။စောင့်ရပြီး အလကား"

ပွစိပွစိပြော‌နေသော ဝေ့ကိုကြည့်ပြီး သုတအူယားလာမိသည်။ ဒီကောင်မလေးက ဘယ်လိုနေနေ ချစ်ဖို့ကောင်းနေသည်လေ။

ရေဘူးလှမ်းပေးလိုက်ရင်း


"ရော့ အမောပြေ ရေသောက်လိုက်ဦး၊ ပြီးရင် ၀င်ကြမယ်လေ"

သုတ လှမ်းပေးသော ရေဘူးကို လက်ကာငြင်းလိုက်ရင်း


"တော်ပြီ တော်ပြီ အထဲမှ သောက်ကြမယ်၊ နောက်ကျနေလိမ့်မယ်၊ လက်မှတ်တစောင်ဖိုး နှမြောစရာ"

မျက်နှာလေးကို ရှုံ့မဲ့ကာပြောနေသော ဝေ့ကို ကြည့်ရင်း သုတ စိတ်မထိန်းနိုင်တော့ပါ။

ခေါင်းကို လှမ်းပုတ်လိုက်ကာ "ဒီကောင်မလေးကတော့"ဆိုပြီး ဆံပင်တို့ကို ဆွဲဖွရင်း ရယ်မိတော့သည်။

ဆံပင်ကို အဖွခံလိုက်ရတာကြောင့် မျက်စောင်းထိုးပြီး ရှေ့ကနေ ဘောက်ဆတ်ဆတ်နဲ့ ၀င်သွားသည့်‌ဝေ့နောက်ကနေ သုတရယ်ရင်း လိုက်သွားမိသည်။

"ဟေး ဝေ စောင့်ဦးလေ၊ လက်မှတ်က ကျနော့ဆီမှာနော်"

*********

"ဟေး ဟန် ! ဘာတွေကို ဒီလောက်ကြည့်နေတာလဲ? မမမေးတာလဲ ပြန်မပြောဘူး"

"ဟင် sorry မမ ၊ ဘာပြောလိုက်တာလဲ"

"Daddyက သူ့ဆီ တလှည့်လာနေပါလားတဲ့၊ ကျောင်းလဲ ဆက်တက်လို့ရတာပေါ့တဲ့၊ သဘောတူရင် မမပြန်ရင် လိုက်ခဲ့လိုက်တဲ့"

"ဟင့်အင်း မလိုက်ချင်ပါဘူး၊ အဲ့တာဆို မေမေတယောက်တည်း ဒီမှာကျန်ခဲ့မှာ"

"အဲ့တာကြောင့် ပြောတာလေ၊ မေမေ့ကိုပါ တခါတည်း ခေါ်သွားရအောင်လို့၊ မေမေက မင်းစကားဆို လိုက်လျောမှာ၊Daddyလဲ မေမေ့ကို တွေ့ချင်နေတာ"

"တွေ့ချင် ပြန်လာပေါ့ မမရယ်၊ ဘယ်သူက Daddyကို ပြည်၀င်ခွင့် ပိတ်ထားလို့လဲ"

"လုပ်ပြီ ! ‌Daddyက ဟိုမှာ မအားဘူးလေ"

"မေမေကကျ အားနေလို့ လိုက်လာရမှာလား"

"ဟန်သာ!!!"

"Sorry"

"မင်းကပါ အဲ့လိုတွေလုပ်နေရင် မေမေနဲ့ Daddyနဲ့ ဒီထက်ပိုဝေးသွားလိမ့်မယ်၊ မေမေက မာနကြီးတယ် ၊ သူ့သဘောနဲ့သူ လိုက်မှာမဟုတ်ဘူး။ Daddyကလဲ ခေါ်ရဲမှာမဟုတ်ဘူး။ မင်းနဲ့ ငါကပဲ ကြားက၀င်စေ့စပ်ရမှာ၊ မင်း လိုက်ခဲ့"

"ဟာ မမ"

"ဘာမှ အတွန့်မတက်နဲ့နော်"

ဟန်သာ ဘာမှ ပြန်မပြောဘဲ လက်ဝါးနှစ်ဖက်ကို ဖြန့်ကာ ပုခုံးပဲ တွန့်ပြလိုက်မိသည်။

ဝေနဲ့ သုတ ရုပ်ရှင်ရုံထဲ အတူတူ၀င်သွားတာကြောင့် မှိုင်းညို့သွားသည့်စိတ်က မမစကားတို့ကြောင့် ပိုလမ်းပျောက်သွားသည်။


မတူညီသော ဆုံမှတ်များWhere stories live. Discover now