Part 17

229 10 0
                                    

“ဟော သုတ အခုမှပဲ မြင်ရတော့တယ် လာ မင်းသူငယ်ချင်းက ဟိုမှာ”

မမ အသံကြောင့် သူဖုန်းသုံးနေရင်း လှမ်းကြည့်လိုက်သည်။ သုတက စပ်ဖြဲဖြဲနဲ့  သူ့ဆီလာနေသည်။

“ဟီး မမ ၊ ဟုတ်တယ် ကျနော်လဲ ဒီရက်ပိုင်း သိပ်မအားတော့ မမရောက်နေတယ်ကြားပေမဲ့ မလာဖြစ်ဘူး”

“အဟမ်း မအားရတဲ့အကြောင်းအရင်းကို သိပါတယ်နော်၊ အရင်နေ့က ရုပ်ရှင်ရုံမှာ တွေ့လိုက်ပါတယ်”

မမက ရယ်ရင်း စနောက်လိုက်တာမို့ သုတလဲ တဟဲဟဲနဲ့ ရယ်‌နေမိတော့သည်။

ဟန်သာကတော့ ဖုန်းထဲ ခေါင်း၀င်မတတ် ကြည့်နေလိုက်သည်။

မမက သုတနဲ့ရပ်စကားပြောနေရင်း ဖျတ်ကနဲ့ သူ့နားရောက်ချလာပြီး ဖြန်းကနဲရိုက်ချလိုက်တာမို့ ဟန်သာလဲ ထအော်လိုက်သည်။ စိတ်တွေက နဂိုကတည်းကမှ မကြည်ပါဘူးဆို။

“အား နာတယ် မမရ ။ ဘာလို့ ရိုက်တာလဲ”

“သူငယ်ချင်းရောက်နေတယ်လေ ၊ ဖုန်းက အဲ့လောက်အရေးကြီးလို့လား။ ဘာလဲ ရည်းစားနဲ့ ပြောနေလို့လား”

“ဘာလုပ်ရမှာလဲ အဲ့ကောင်လာတာကို ၊ သုတက ဧည့်သည်လား”

သုတက ရယ်ရင်း သူ့ဘေးနား ပစ်၀င်ထိုင်လိုက်ရင်း “ဟုတ်သားပဲ မမရ၊ ကျနော်က ဧည့်သည်မဟုတ်ပါဘူး”

“ရှင်တို့ချင်း ပြေလည်ရင် ပြီးတာပါပဲရှင်”

မမရဲ့ ရွဲ့တဲ့စကားသံကြောင့် သုတက အော်ရယ်လိုက်တာမို့ “ဟာ နားငြီးတယ် ဝေးဝေးသွား”ဆိုပြီး ဟန်သာက သုတကို တွန်းပစ်လိုက်သည်။

“ဟဲ့ ဟန်သာ ဘာတွေရန်လိုနေတာတုန်း။ သား သုတ နေ့လည်စာ အိမ်မှာစားသွား”

မီးဖိုခန်းထဲက ထွက်လာသည့် မေမေ့အသံကြောင့် ဟန်သာ မျက်နှာကို အစွမ်းကုန်ရှုံ့မဲ့ပြလိုက်သည်။

သုတကတော့ ရယ်မြဲရယ်လျက်။

မမက Apple Juice၃ခွက်ကို ကိုင်လာရင်း မေမေရှေ့ရယ်၊ သုတရှေ့ရယ်၊ သူမ ရှေ့ရယ်ကို ချလိုက်ရင်း

“သုတတို့တော့ အူမြူးနေတယ်ဟေ့ ။သူ့ရယ်သံကြီးပဲ ။ အင်း စွမ်းအားတွေ၊ စွမ်းအားတွေ။ တယောက်သောသူကတော့ မနက်ကတည်းက အိမ်ထဲ ဘီလူးပင့်ထားမိသလိုပဲ”

မမ စကားကြောင့် ဟန်သာ မျက်မှောင်ကြုံ့လိုက်ပြီး သူ့ရှေ့ရောက်မလာသည့် juiceခွက်ကို ကြည့်ကာ အော်လိုက်သည်။

“မမ ကျနော့ဖို့ရော”

“ကဲ ကြည့် အာဗြဲကြီးနဲ့ အော်ပြန်ပြီ။ မင်းပဲ မသောက်ဘူးဆို ၊ ခနက”

“အဲ့တာ ခနကလေ ၊ အခု လူ၄ယောက်ကို ၃ခွက်ပဲဆိုတော့ ကျနော့ကို ခွဲခြားဆက်ဆံတာပဲ”

သူပြောရင်း မတ်တပ်ရပ်လိုက်ကာ ဘောက်ဆတ်ဆတ်နဲ့ အိမ်ပေါ်တက်ခဲ့လိုက်သည်။

နောက်ကနေ “ကဲ ကြည့်ကြည့် ၊ မနက်ကတည်းက ရန်လိုနေတာ ၊ အသဲများကွဲနေသလားပဲ”ဆိုတဲ့ မမအသံကို ကြားဖြစ်အောင် ကြားလိုက်ရသည်။

သုတရဲ့ တဟဲဟဲရယ်သံကိုလဲ အမြင်ကတ်စွာ ကြားလိုက်ရပြန်ပါသေးသည်။

ဟန်သာ ကုတင်ပေါ်ပစ်လှဲလိုက်ရင်း FBကိုဖွင့်ကာ ဝေ့Accountကို ကြည့်လိုက်သည်။
Friendဆိုတဲ့နေရာမှာ Add Friendတဲ့။ သူ့ကို unfriendလုပ်သွားတာ။

စိတ်တိုတိုနဲ့ Messengerကို ကြည့်တော့ This person is unavailable on messengerတဲ့။ Messengerမှာကျ blockသွားတာပဲ။

ဖုန်းကို ခေါ်တော့လဲ Blockထားသည်။

မနက်ကတည်းက ဒီ၃ခုကို တခုစီ လှည့်ကြည့်ရင်း စိတ်က တိုသည်ထက် ပိုတိုလာသည်။

သုတရောက်လာတော့ ပိုစိတ်တိုသည်။ ဝေနဲ့ ဘယ်လိုဖြစ်သွားပြီလဲလို့ သုတကို မေးချင်ပေမဲ့ တကယ်တမ်းကျ အဖြေကို သူမကြားချင်။

သူ ဝေ့ကို ချစ်နေမိပြီလား။ ခေါင်းယမ်းလိုက်ရင်း “မဟုတ်ပါဘူး။ ရုတ်တရက် အဆက်အသွယ်ဖြတ်လိုက်လို့ သိချင်ရုံပါ”လို့ ပြန်တွေးလိုက်သည်။

တကယ်ပဲလား ။ တကယ်သိချင်ရုံပဲလား ။ အဲ့ဒီအဖြေကို သူဆက်မစဉ်းစားချင်ပါ။

သူ တယောက်ယောက်ကို မချစ်ချင်ပါ။ ချစ်ရမှာကို မလိုလားပါ။

မျက်စိတို့ကို မှိတ်ထားလိုက်သည်။ မျက်ရည်တို့က စီးကျလာသည်။

တံခါးဖွင့်သံကြောင့် မျက်နှာကို ပွတ်ပစ်လိုက်ရင်း ထကြည့်လိုက်သည်။ ထင်တဲ့အတိုင်းပဲ သုတ ၀င်လာသည်။

သူပြန်ပြီး ကုတင်ပေါ်ပစ်လှဲလိုက်တော့ သုတကလဲ သူ့ဘေးနား ၀င်လှဲလိုက်သည်။

နှစ်ယောက်လုံး အတော်ကြာစကားမပြောဘဲ မျက်နှာကြတ်ကို မော့ကြည့်ငြိမ်သက်နေရင်းကမှ သုတဆီက စကားသံထွက်လာသည်။

“ငါ ဝေ့ကို ဖွင့်ပြောလိုက်ပြီ”

ဟန်သာ ကုတင်ပေါ်ကနေ ထထိုင်လိုက်ပြီး “ဟာ ငါမေ့နေတာ၊ ဟိုကောင်တွေနဲ့ Game ဆော့ဖို့ ချိန်းထားတယ်၊ မင်းရော ပါမလား”

စကားလမ်းကြောင်းကို ဖြောင့်ဖြောင့်ကြီး မအပ်မစပ်လွှဲပစ်လိုက်သည့် ဟန်သာ့ကြောင့် သုတပြုံးလိုက်သည်။

ဘယ်တုန်းကများ ဟန်သာက Gameဆော့ဖို့ တကူးတက ချိန်းဖူးလို့လဲ။ ဘယ်အရာကိုမှ စွဲစွဲလန်းလန်း လေးလေးနက်နက် မရှိတတ်သည့် ဟန်သာပဲလေ။

အိုကေလေ၊ သူမသိချင်ရင် ကျနော်မပြောရုံပေါ့။ ပြိုင်ဖက်တယောက်ကို ကိုယ့်ကျရှုံးမှုကို မရမကလိုက်ပြောဖို့အထိ ကျနော် စိတ်ကအဆင်မပြေပါ။ ‌
“အင်း ‌ဆော့မယ်လေ”












မတူညီသော ဆုံမှတ်များWhere stories live. Discover now