Side Track B

446 10 0
                                    

Present Time

ခွပ်ကနဲ မြည်သံနဲ့အတူ ဟန်သာ့မျက်လုံးတွေ ပြာဝေသွားသည်။ နှုတ်ခမ်းထောင့်ကသွေးစကို သုတ်လိုက်ရင်း သုတကို ကြည့်လိုက်သည်။

“မင်းအတွက် ပျော်စရာကောင်းနေလား ဟန်သာ?  မင်းကြောင့် ဝေ ဘယ်လောက်အထိ ခံစားခဲ့ရလဲ သိလား? အခုမှ သူအနည်ထိုင်ကာစလေကွာ။ သူအခုမှ တည်ငြိမ်ကာစလေကွာ။ မင်း အဆုံးထိ ဖြတ်ခဲ့ရင်လဲ ထပ်ပြီး ဝေနဲ့ မတွေ့စေနဲ့လေ”


“မင်း ဒေါသထွက်တာ ငါနားလည်ပေမဲ့ ကာယကံရှင်က ဝေနဲ့ ငါပါ။ ဒီပြသနာကို ရှင်းရမှာလဲ ဝေနဲ့ငါပဲ။ ဝေ ကျေနပ်သွားသည်အထိ တောင်းပန်ရမှာလဲ ငါဖြစ်သလို ငါ့ကို ဘယ်လိုသဘောထားရမလဲဆိုတာကလဲ ဝေပဲ ဆုံးဖြတ်ရမှာပါ”

“မင်း!!!”

နောက်ထပ်၀င်လာသည့် လက်သီးချက်ကို ဟန်သာရှောင်လိုက်ရင်း

“တစ်ချက်ပဲ ရမယ် သုတ။ ဒါက ငါ့အမှားအတွက် မင်းဆီမှာ ငါ ပေးဆပ်နိုင်တာ အကုန်ပဲ”

“ဘာလို့ ပြန်လာတာလဲ။ Sorry ပြန်လာတာက မင်းသဘောပါ။ ဝေ့ မျက်စိရှေ့ ဘာလို့ ထပ်ရောက်လာတာလဲ? ဝေ့ကို အမြဲပျော်စေချင်တဲ့သူအနေနဲ့ ဝေ့အနားမှာ အမြဲရှိနေပေးခဲ့တဲ့သူအနေနဲ့ ဒီလောက်တော့ ငါမေးလို့ရတယ်မလား?”

“ဝေ့ကို ငါချစ်တယ်။ အခုမှ မဟုတ်ဘူး။ ဟိုးအရင်ကတည်းက ဝေ့ကို ငါချစ်ခဲတာ။ ဝေခံစားခဲ့ရတယ်လို့ မင်းပြောတယ်။ ငါလဲ ပျော်နေမယ်လို့ မင်းထင်လား?”

“ဒါနဲ့များ မင်းဘာလို့ အဲ့ဒီတုန်းက??”

“အဲ့ဒီအချိန်က ပြသနာတွေ အများကြီးပဲ။ UKရောက်ရောက်ချင်း ကြုံရတဲ့ မိသားစုပြသနာတွေ ၊ ကျန်တဲ့ကိစ္စတွေနဲ့ ငါအရမ်းပင်ပန်းနေခဲ့တယ်။ ဒယ်ဒီနဲ့ မေမေ့ကို ကြည့်ပြီး ချစ်လိုက်ဖို့ ငါတွန့်ဆုတ်နေခဲ့တယ်။ ဝေ့ဆီကို ငါမဆက်သွယ်နိုင်ခဲ့ဘူး။ အချိန်တန်ရင် ဒီလိုပဲ အဆုံးသတ်လိုက်ရမှာကို ငါကြောက်နေခဲ့တာ။ အမှန်တိုင်း ပြောရရင် ဝေ့ကို ဒီလောက်ထိ ချစ်မိသွားမယ်လို့ ငါမထင်ခဲ့ဘူး။ ငါ သူရဲဘောကြောင်စွာ ရွေးချယ်ခဲ့မိတာက ပြသနာတွေနဲ့ ငါ့အနားမှာ ဝေ့ကို မထားဖို့ပဲ။ ဒါပေမဲ့ အဲ့ဒီအရာကပဲ ဝေ့ကို ပိုနာကျင်စေတာ သိလိုက်ရတဲ့အခါ ဝေ့ရှေ့ကို ထပ်လာဖို့ ငါသတ္တိမရှိခဲ့ပြန်ဘူး။ ၈နှစ်ကြာပြီးတဲ့နောက် ဒီထက်ပိုအချိန်ဆွဲနေလို့ မရဘူးဆိုတာ နားလည်လာခဲ့လို့ ငါ့မှာ ရှိသမျှ သတ္တိတွေ အကုန်စွန့်ပြီး ရောက်အောင်လာခဲ့တာ”

ဟန်သာ့စကားအဆုံးမှာ သက်ပြင်းချသံ၂သံပဲ ပြိုင်တူ ထွက်လာပါတော့တယါ။














မတူညီသော ဆုံမှတ်များWhere stories live. Discover now