Part 4

327 17 4
                                    

Chapter 4

မနက်ခင်း ကျောင်းချိန် ရုံးချိန်မို့ Busက လူကျပ်နေသည်။

ဒါတောင် ဝေက နည်းနည်းစောထွက်လာလို့ ထိုင်ခုံတွေမှာ လူပြည့်နေပေမဲ့ မတ်တပ်ကတော့ အေးဆေးရပ်လို့ရနေသေးတာ။ မဟုတ်ရင် မတ်တပ်တောင် ကောင်းကောင်းရပ်မရချင်။

မနက်ခင်း lectureချိန်တွေရှိသောနေ့ဆိုလျှင် ဝေ့မှာ ကားစီးရတာ အရမ်းစိတ်ညစ်ရသည်။

အခုလဲ ကားလမ်းကပိတ်ပြန်ပြီ။စောထွက်ခဲ့ပေမဲ့ တလမ်းလုံး ကားလမ်းပဲပိတ်နေတာမို့  ကျောင်းချိန်မှီပါ့မလားဆိုပြီး နာရီကို ကြည့်နေတုန်း ကျန်တဲ့လက်တဖက်ကို လှမ်းဆွဲလိုက်တာမို့ ကြည့်လိုက်တော့ သူ။

“အယ် ဟန်သာ”

ဝေက နှုတ်ဆက်လိုက်တော့ သူက ဝေ့လက်ကို ဆွဲထားရင်းကပင် သူ့ဘေးက နေရာကို မေးငေါ့ပြသည်။

ကြည့်လိုက်တော့ ဘေးကလူက ဆင်းဖို့ပြင်နေသည်။

ဝေလဲ ပြုံးလိုက်ရင်း “ကျေးဇူးပဲ”လို့ နှုတ်ခမ်းလှုပ်ရုံပြောတော့ သူကလဲ ရီပြီး “ရပါတယ်”ဆိုပြီး ဝေ့လို တိုးတိုးလေး ပြန်ပြောသည်။ ‌

သူ့ဘေးကသူကလဲ ဝေ့ကိုမော့ကြည့်ပြီး “လာ ညီမ ၊ အမက ဆင်းတော့မှာ”ဆိုပြီး ဖယ်ပေးတော့ ဝေက အားနာသွားသည်။

“အာ ရတယ် အမ၊ မှတ်တိုင်ရောက်မှ ထပါ၊ ဝေက ကိစ္စမရှိပါဘူး”

“မှတ်တိုင်က ခနနေရင်ရောက်တော့မှာပဲ ၊ ထိုင်လိုက်ပေါ့၊ လာ” ဝေက အားနာနာနဲ့ငြင်းပေမဲ့
ကိုယ်တော်ချောက‌ ဝေ့လက်ကို ထပ်ဆွဲရင်း ပြောတော့ ဟိုအမက ဘယ်လိုထင်သွားသည်မသိ။

ပြုံးကြည့်ပြီး “ဟုတ်သားပဲ ညီမရဲ့၊ လာ လာ ထိုင်၊ ကောင်လေးက စိတ်ပူမှာပေါ့”ဆိုပြီး နေရာက ဖယ်ပေးတော့သည်။

ဝေလဲ အဲ့ဒီအမစကားကြောင့် သူ့ကို မျက်စောင်းထိုးလိုက်မိသည်။ ပြီးတော့ နေရာမှာ ထိုင်လိုက်ရင်း

“ဇွတ်တွေ ဘယ်လိုဖြစ်နေတာလဲ၊ သူများက တမျိုးထင်သွားပြီ”

“ဘာဖြစ်လို့လဲ ပြန်ရှင်းပြချင်လို့လား၊ နေရာရပြီး ထိုင်ရဖို့ အရေးကြီးတာပဲ၊ သူ့ဘာသာ ဘာထင်ထင်ပေါ့”

ဝေက မဲ့ပြလိုက်တော့ သူက ပြုံးပြန်သည်။
သူပြုံးရင် လှတာသိလို့များ ခနခန ပြုံးပြနေသလားလို့ကို ထင်ရသည်။ သူ ပြုံးတိုင်းလဲ ဝေ ငေးကြည့်မိသည်။

ငြင်းခုန်ပြီးတော့မှ အခုထိ ဝေ့လက်ကို သူမလွှတ်သေးတာ သတိရသွားတော့ လက်ကို ပြန်ရုန်းလိုက်သည်။

မတူညီသော ဆုံမှတ်များWhere stories live. Discover now