part 7

240 12 1
                                    


ချယ်ရီက ကားမူးတယ်လို့ သူ့နားကပ်ပြောတာကြောင့် သူရယ်လိုက်မိသည်။

“ကိုယ့်ဘာသာ ကားနဲ့မသွားဘဲ Busစီးချင်ဦးလေ၊ စီးဖူးတာလဲမဟုတ်ဘဲနဲ့၊ ရော့ သီချင်းနားထောင်ပြီး မျက်လုံးမှိတ်ထား”

သူ့စကားကြောင့် ချယ်ရီက မော့ကြည့်ပြီး

“နင်လဲ စီးတာပဲလေ၊ ဒါနဲ့ Busပဲစီးနေရအောင် နင်ဇာတ်လမ်းတစ်ပုဒ်တွေ့နေပြန်တာလား”

ချယ်ရီ့စကားကြောင့် သူပြုံးလိုက်ပြီး ကားထဲဝေ့ကြည့်တော့ ဝေ့ကို တွေ့သည်။

ဝေက ထွက်ပေါက်နားမှာ သူတို့ကို ကျောခိုင်းပြီး ရပ်နေသည်ပဲ။ ‌

သူစိုက်ကြည့်နေပေမဲ့ တချက်မှ သူတို့ဘက် လှည့်မလာသော ကောင်မလေးဟာ သူ့ကို မြင်နှင့်ပြီးသား ဖြစ်နိုင်ပါသည်။

ကားပေါ်က ဆင်းဆင်းချင်း သူ ဝေ့နောက်ကို ပြေးလိုက်သွားလိုက်သည်။

“ဝေ”

လက်ကို လှမ်းဆွဲလိုက်ပေမဲ့ တချက်ပြန်ရုန်းလိုက်ပြီး မကြိုက်သလိုအကြည့်ကြောင့် သူ သနားစဖွယ် ပြုံးပြလိုက်မိသည်။

“Sorryနော် ဝေ၊ ကျနော်က ဝေ မကြားမှာစိုးလို့”

“အင်း၊ ကိစ္စရှိလို့လား”

“ဗျာ”

သူအံ့ဩသွားသလိုပုံစံနဲ့ မျက်ခုံးပင့်ပြပေမဲ့ ကောင်မလေးက တချက်မှ မပြုံးဘဲ မျက်နှာက တည်လျှက် စိုက်ကြည့်နေတာမို့ ဟန်သာ နည်းနည်းတောင် ဖြုံသွားသည်။

“ဝေ စိတ်ဆိုးနေတာလား?”

“မဆိုးပါဘူး ၊ ကျွန်မက ဘာလို့စိတ်ဆိုးရမှာလဲ”

ဝေကလေဟု ပြောတတ်သည့် ကောင်မလေးက ကျွန်မတဲ့လား။

ဝေ သေချာပေါက် သူ့ကို စိတ်ဆိုးနေပါသည်။

မနေ့ညကအထိ ကြည်လင်စွာ ရယ်ပြခဲ့သော ကောင်မလေးသည် ဒီနေ့မနက်တွင်တော့ သူ့ကို စိတ်ဆိုးနေပါသည်။

သေချာပေါက် သူ့ကို ကားပေါ်မှာ ဝေ မြင်ကို မြင်ရမည်။


“ကျနော်က ဝေနဲ့အရင်နေ့ကလို ကားပေါ်မှာ ဆုံမယ်ထင်လို့ နေရာတောင်ဦးထားတာ”

သူ့စကားအဆုံးတွင် မျက်စောင်းတချက် ဒိုင်းကနဲရောက်လာသည်။

“ဘေးက သူငယ်ချင်းလေ၊ ငယ်ငယ်ကတည်းက ခင်လာတဲ့ သူငယ်ချင်း၊

အော် အရင်တခါကလေ ဝေနဲ့ စတွေ့တုန်းက သူငယ်ချင်း သုတလေ ၊ သူနဲ့ရော ခင်တယ်၊

ကျနော်တို့ ၃ယောက်က ငယ်ငယ်ကတည်းက ပေါင်းလာတာ၊ ကျနော်က Busစောင့်နေတုန်း သူပါမြင်ပြီး သူရောလိုက်မယ်ဆိုပြီး တက်လာတာ၊ ကျနော်က ဝေလာရင် နေရာဖယ်ပေးမလို့ နေရာပါဦးထားတာ”


တရစပ်ပြောလိုက်ပြီးမှ သူ့ကိုသူ သတိထားမိပြီး “shit”ဆိုပြီး စိတ်ထဲကနေ ကိုယ့်ကိုယ်ကို ကျိန်ဆဲမိလိုက်သည်။

“ဟန်သာ မင်းက Cool Guyနော်၊ ဘယ်တုန်းကများ မင်းရာဇ၀င်မှာ အသည်းအသန်ပြန်ရှင်းပြတတ်လို့လဲ” သူ့ဘာသာတွေးမိရင်း ဝေ့ကို ကြည့်ကာ ‌ဆံပင်တွေကို လက်ဖြင့် ထိုးဖွလိုက်ရင်း ဝေ့ကို ရယ်ပြလိုက်သည်။

ကြည့်ပါဦး။ ဝေ့အရှေ့က ကောင်လေးကို။ သူ့ဘာသာ ရှင်းပြ ပြောဆိုပြီး သူ့ဘာသာ ရှက်နေလေရဲ့။

တင်းထားမိသော ဝေ့စိတ်များလဲ ပြေသွားပြန်သည်လေ။ အဲ့ဒီတစ်ယောက်ဟာ သူ့မျက်နှာမမြင်မှ စိတ်ဆိုးနိုင်မှာပဲ။ မဟုတ်ရင် သူ့ကို မြင်လိုက်ရရင် ဝေတော့ ကြာကြာစိတ်ဆိုးနိုင်မယ်မထင်မိဘူး။

“အဲ့တာ ဝေနဲ့ ဘာဆိုင်လဲ ၊ သူ့ဘာသာ သူငယ်ချင်းဖြစ်ဖြစ်၊ ဘာဖြစ်ဖြစ်” ဝေ ရယ်ချင်စိတ်ကို ထိန်းရင်း ပွစိပွစိရွတ်ကာ သူ့နားက ထွက်လာလိုက်သည်။

“ဟာ ဝေ”ဆိုပြီး ရယ်ကာ ဝေ့နောက်က ပြေးလိုက်လာပြီး ဝေ့လွယ်အိတ်ကို လှမ်းဆွဲလိုက်သည့်သူ့ကို ရှောင်ရင်း ဝေလဲ ရယ်မိတော့သည်။

အဲ့ဒီနေ့က ကျောင်းလမ်းမပေါ်မှာ ရယ်မောရင်း စနောက်နေတဲ့ ချစ်စရာ ကောင်လေးနဲ့ ကောင်မလေးကို လူတော်တော်များများက မြင်လိုက်မိကြသည်တဲ့လေ။

မတူညီသော ဆုံမှတ်များWhere stories live. Discover now