From our first meet to the end of life - 3

389 38 5
                                    

Unicode

အပြာရောင်သန်းနေသောကောင်းကင်ကြီးရဲ့တချို့တနေရာတွင်ဂွမ်းစလေးတွေကဲ့သို့အဖြူရောင်တိမ်စိုင်တိမ်ခဲလေးများနေရာယူထားသည်။ကောင်းကင်ကြီးမှလိမ္မော်ရောင်နေမင်းကြီးပေါ်ထွက်လာချိန်မှာတော့ကောင်းကင်းကြီးဟာလုံးဝကိုပြီးပြည့်စုံတဲ့ပန်းချီကားတချပ်ပမာ။

ယနေ့တော့ရာသီဥတုသာယာနေတယ်။မနေ့ကညနေထိမိုးရွာနေခဲ့ပေမယ်ဒီနေ့တော့တမူထူးခြားစွာကောင်းကင်ကြီးကကြည်လင်နေတယ်။ကြည်လင်နေတဲ့ကောင်းကင်ကြီးနဲ့ခြားနားစွာကောင်လေး၂ယောက်ရဲ့စိတ်ထဲမှာတော့ရာသီဥတုအခြေအနေမုန်တိုင်းထန်နေတယ်။

ဒီနေ့ကမိဘမဲ့ကလေးကျောင်းကိုလှူအောင်သွားရမဲ့နေ့။ကျောင်းဝန်းထဲတွင်Bounတို့အဖွဲ့အပြင်နောက်ဆုံးနှစ်နဲ့ဒုတိယနှစ်မှသူတို့ကိုကူညီဖို့လိုက်လာတဲ့ကျောင်းသားအချို့ရှိနေတယ်။Premတို့အဖွဲ့ကနောက်ကျနေတယ်။။နောက်ဆုံးနှစ်ကစီနီယာJanhaeနဲ့Yachtကပဲဦးဆောင်ပြီးသူတို့ကိုခေါ်သွားတယ်။

Yacht - ကဲ....ကလေးတွေကားပေါ်တက်ရအောင်။ပထမနဲ့ဒုတိယရတဲ့အဖွဲ့ကတစီး။ကူညီပေးဖို့လိုက်လာတဲ့ကျောင်းသားတွေကတစီး​နော်။

Janhae - ပထမရတဲ့အဖွဲ့နဲ့ဒုတိယရတဲ့အဖွဲ့ကအမနဲ့တူတူစီးရမယ်နော်။လာကားပေါ်တက်တော့။ဒါနဲ့ပထမရတဲ့အဖွဲ့ရော။မလာသေးဘူးလား။

Ohm - မရောက်သေးဘူးအမ။

Kao - အမ......ကျွန်တော့ချစ်သူကိုပါဒီကားထဲခေါ်ချင်လို့ရလားအမ။သူကဒီမေဂျာကမဟုတ်ဘူးအမ။ကျွန်တော်နဲ့ကူညီပေးဖို့လိုက်လာတာ။

Janhae - အော်...ရပါတယ်။ဒါဆိုအမကားပေါ်တက်နှင့်မယ်နော်။ပထမရတဲ့အဖွဲ့လာရင်ပြောပြီးတော့ကားပေါ်တက်ခဲ့ကြနော်😇။

Kao - ဟုတ်အမ။ကျေးဇူးပါ😊။

စီနီယာအမကားပေါ်တက်သွားတော့...

Ohm - Kaoတို့ကတော့ပိုင်တယ်ကွာ။Upကိုမရရအောင်ခေါ်လာတယ်။Upမင်းကရောဘာလို့လိုက်လာတာလဲ။ငါိတို့ရှေ့မှာသေအောင်roပြနေလို့ကတော့ ၂ယောက်လုံးကားပေါ်ကကန်ချမှာနော်။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now