From our first meet to the end of life - 25 (final)

694 34 10
                                    

Unicode

လှိုင်းသံတွေရိုက်ခတ်နေတဲ့ပင်လယ်ကမ်းခြေတခု၊တနေ့တာရဲ့အစမှာထွက်ပေါ်လာတ​ဲ့လိမ္မော်ရောင်နေလုံးကြိီးနဲ့အတူလွမ်းမောစရာမြင်ကွင်းတခု။ထိုမြင်ကွင်းနဲ့အတူကမ်းခြေမှာလမ်းလျှောက်နေတဲ့လူသားတယောက်ရှိလေတယ်။ထိုလူသားကတော့Premပင်။Premတယောက်ပင်လယ်ပြင်ကြီးကိုကြည့်ပြီးအတွေးတွေကလွန်ခဲ့တဲ့သုံးပတ်ဆီသို့..........

-----------------------------------------------------------
(Flashback start)

လွန်ခဲ့သောသုံးပတ်ခန့်က.....

Bounကိုကားနဲ့တိုက်မိပြီးတဲ့နောက်ဆေးရုံကိုရောက်သွားတယ်။ရောက်တာနဲ့operationခန်းထဲတခါတည်းခေါ်သွားတာ။အခုဆို၁နာရီရှိပြီ။ခုချိန်ထိထွက်မလာသေးဘူး။Operationခန်းအပြင်မှာတော့Premနဲ့အတူKaoUpရယ်Ohmflukeရယ်Pineareရယ်ရှိတယ်။Premတယောက်ကတော့တအားကိုစိတ်ပူနေပြီ။နောက်ပြီးကိုယ်ကိုယ်လဲအပြစ်တင်နေမိတယ်။

Prem - Hia....Hia....သူအဆင်ပြေမှာပါနော်။ကျွန်တော့အပြစ်တွေပါ။ကျွန်တော်သာသူ့ကိုအထင်လွဲအောင်မလုပ်ခဲ့မိရင်၊အတိတ်ကိုမှတ်မိနေတဲ့အကြောင်းကျွန်တော်သတိရကတဲကပြောခဲ့မိရင်...Hia...Hia..ဒီလိုဖြစ်ရမှာမဟုတ်ဘူး။နောက်...နောက်ပြီးကျွန်တော့ကိုသာမကယ်ခဲ့ရင်...😭😭😭။

Premကပြောရင်းတအားငိုနေတယ်။ဘေးနားကOhmတို့ကဝိုင်းပြီးဖြောင်းဖြပေးနေတယ်။

Ohm - မဆိုင်ပါဘူး။Prem...အဲလိုမတွေးနဲ့နော်။အကုန်လုံးကဖြစ်ချိန်တန်လို့ဖြစ်သွားတာပါ။Premကိုယ့်ကိုယ်ကိုအပြစ်တင်နေရင်Bounကဘယ်လိုလုပ်စိတ်အေးမလဲ။သူစိတ်ပူနေမှာပေါ့။

Fluke - ဟုတ်တယ်Prem။မင်းအားတင်းထားဖို့လိုတယ်လေ။P'bounကကြံ့ခိုင်တဲ့သူပါ။သူဘာမှဖြစ်မှာမဟုတ်ပါဘူး။

Prem - တကယ်...တကယ်တော့...အဲနေရာမှာငါ....ငါဖြစ်သွားရမှာ😭😭။

Kao - Prem...မင်းအဲလိုမတွေးရဘူးလေ။မင်းကအဲလိုတွေးနေတော့Bounကဘယ်စိတ်ကောင်းပါ့မလဲ။Bounကမင်းကိုအရမ်းချစ်တာ။ဒါကြောင့်မို့လို့သူဘာမှဖြစ်မှာမဟုတ်ပါဘူး။

Up - Nong'prem.....Bounကဘာမှမဖြစ်နိုင်ပါဘူးနော်။သူအရမ်းချစ်ရတဲ့မင်းနဲ့ဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်သန်းရအုံးမှာလေ။Bounဘာမှမဖြစ်နိုင်ပါဘူး။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now