From our first meet to the end of life - 10

355 27 17
                                    

Unicode

Bounတို့တဲတွေဆီရောက်တော့သူတို့တွေရေအရင်ချိုးလိုက်တယ်။ကျန်တဲ့သူတွေကလည်ရာကနေပြန်မရောက်လာကြသေးဘူး။လူတွေအကုန်စုံအောင်ပြန်ရောက်တော့Yachtကယောက်ကျားလေးတွေရေချိုးမဲ့နေရာပြောပြီးJanhaeကတော့မိန်းကလေးတွေရေချိုးရမဲ့နေရာကိုပြောတယ်။အကုန်လုံးရေချိုးပြီးကျတော့ညနေမှောင်သွားပြ်ီ။Yachtကမီးပုံပွဲလုပ်ဖို့ပြင်ဆင်လိုက်တယ်။ကျန်တဲ့သူတွေလဲဝိုင်းကူကြတာပေါ့။အကုန်လုံးပြီးသွားတော့မီးပုံပွဲကိုပျော်ရွှင်စွာကျင်းပလိုက်ကြတယ်။သီချင်းတွေဆိုပြီးကကြတယ်။စားကြသောက်ကြနဲ့ပျော်ရွှင်နေကြတယ်။ဂိမ်းတွေလဲကစားကြတယ်။ဆော့လိုဝကြတော့မှမီးပုံပွဲကိုသိမ်းလိုက်တယ်။

တချို့ကတော့ပင်ပန်းလို့အိပ်နေကြပြီးတချို့ကြတော့လဲစကားတွေထိုင်ပြောနေကြသေးတယ်။Ohmနဲ့Flukeနဲ့ကတော့စကားပြောဖို့ဆိုပြီးတနေရာကိုထွက်သွားတယ်။Kaoနဲ့Upကတော့ပင်ပန်းလို့ဆိုပြီးအိပ်ဖို့သွားပြီ။Bounကတော့တဲဆီကိုသွားနှင့်တယ်။Premနဲ့Sammyကတော့အပြင်မှာစကားပြောနေကြတုန်း။JanhaeကလဲNeenနဲ့ဖုန်းပြောဖို့ထွက်သွားတယ်။Yachtကတော့မနက်ဖြန်ပြန်ဖို့အတွက်လိုအပ်တာတွေကို
စီစဥ်နေတယ်။

Sammy - Prem.....ငါတော့မြင်ယောင်နေပြီ။

Prem - ဘာကိုလဲ။အစမရှိအဆုံးမရှိ။

Sammy - P'ohmနဲ့Flukeကိုပြောနေတာ။

Prem - သူတို့၂ယောက်ဘာဖြစ်လို့လဲ။

Sammy - ဟာ...နင်ကလဲ။တုံးလိုက်တာအာ့ကြောင့်P'bounနဲ့အခုချိန်ထိအဆင်မပြေ​သေးတာ။နင်သာမတုံးဘူးဆိုရင်အခုချိန်နင်တို့၂ယောက်ညားနေလောက်ပြီ။

Prem - Sammyမ....ငါ့ကိုတုံးတယ်လို့ပြောတာဘာမှမဖြစ်ဘူး။ဟိုလူနဲ့တော့မပေးစားစမ်းနဲ့။

Sammy - ဟီး......မတတ်မနိုင်ဘူးငါရဲ့Fujoshiပါဝါတွေကမြင့်တက်နေတာကို။

Prem - တော်လိုက်တော့.....စောနကဟာဆက်ပြောP'ohmနဲ့Flukeနဲ့ကဘာဖြစ်လို့။

Sammy - အေး...ဟုတ်သား။နင့်ကိုစလိုက်တာနဲ့မေ့သွားတယ်။ပြောပြမယ်။သေချာပေါက်သူတို့၂ယောက်စကားပြောပြီးပြန်လာရင်သူတို့အုပ်စုနဲ့ငါတို့အုပ်စုနဲ့အမြဲတွေ့နေရတော့မှာသေချာတယ်။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now