From our first meet to the end of life - 14

314 29 9
                                    

Unicode

Ohm - အဲကိစ္စတွေမဖြစ်ခင်ကBounမှာချစ်ရတဲ့သူရှိခဲ့ဖူးတယ်။နောက်ပြီးအဲလူက........

Ohmဆက်မပြောဘဲနဲ့ရပ်ထားလိုက်တယ်။

Prem - အဲလူကဘာဖြစ်လို့လဲP'။

Ohm - သူချစ်ခဲ့ရတဲ့သူကယောက်ကျားလေး။

Prem - ဗျာ......။အဲဒါကကျွန်တော်နဲ့ဘာဆိုင်လို့လဲ။

Gayလို့ခေါ်ခံရတာကိုမကြိုက်တဲ့ယောက်ကျားတယောက်ကကောင်လေးတယောက်ကိုချစ်ခဲ့ဖူးတယ်ဆိုတာကိုအံ့​သြသွားပေမယ့်သူနဲ့ဘယ်လိုသက်ဆိုင်လဲဆိုတာသိချင်လို့Prem...Ohmကိုမေးလိုက်တယ်။

Ohm - P'အခုရှင်းပြတာနားထောင်နော်။

Ohmပြောပြီးတော့Premကိုကြည့်လိုက်တယ်။Premကခေါင်းငြိမ့်ပြတော့မှOhmဆက်ပြောလိုက်တယ်။

Ohm - သူချစ်ခဲ့တာအဲတယောက်ထဲပဲ။ဒါပေမယ့်ဖြစ်ချင်တော့အဲလူကယောက်ကျားလေးဖြစ်နေတာ။စောနကKaoပြောတယ်လေ။သူ့အိမ်ဘေးကမိသားစုဆိုတာ။Bounကိုအိမ်ကဂရုမစိုက်တော့မိဘမေတ္တာကိုBounအရမ်းလိုချင်တာလေ။အဲအိမ်မှာကသားတယောက်သမီးတယောက်ရှိတယ်။အဲအိမ်ကသမီးကBounထက်၇နှစ်ကြီးတယ်။သားကတော့Bounထက်၂နှစ်ငယ်တယ်။Premတို့နဲ့ရွယ်တူပေါ့။သားနဲ့သမီးနဲ့က၁၀နှစ်ကွာနေတော့အဲကလေးလေးမှာဆော့ဖို့အဖော်မရှိတော့ဘူးလေ။အဲမှာBounနဲ့အဲကလေးလေးနဲ့တွေ့ပြီးအဲကလေးလေးရဲ့မိဘတွေကBounကိုသားအရင်းလိုချစ်သွားတာ။Bounရဲ့အကြောင်းကိုလဲအကြောင်းစုံသိတယ်လေ။Bounလဲအဲမိသားစုကိုတော်တော်တွယ်တာတယ်။Bounအသက်၇နှစ်မှာပြောင်းလာကြတာလေBounတို့အိမ်ဘေးကို။ဒါမဲ့Bounအသက်၁၀နှစ်မှာပဲအဲမိသားစုကတခြားကိုပြောင်းသွားကြရတယ်။အဲကလေးလေးနဲ့အကိုတို့ပါခင်ခဲ့တာ။အဲတုန်းကBounကအဲကလေးလေးကိုဆိုရင်လုံးဝအထိမခံဘဲ။အဲတုန်းကတော့ငယ်သေးတယ်လေ။အချစ်ဆိုတာကိုဘာသိအုံးမှာလဲ။ဒါမဲ့Bounအသက်၁၂နှစ်မှာP'တို့ကိုပြောလာတယ်။သူအဲကလေးလေးကိုချစ်တယ်တဲ့။အဲတုန်းကP'ကလဲbabyကိုအဲလိုခံစားချက်မျိုးရှိနေတာဆိုတော့နားလည်ပေးနိုင်ပါတယ်။Bounနေ့တိုင်းအဲကလေးလေးအကြောင်းကိုပြောတယ်။ဒါမဲ့သူအသက်၁၄နှစ်အရွယ်မှာအဲကိစ္စဖြစ်သွားတဲ့အချိန်သူတွေးမိတာတခုထဲ။သူအဲကလေးလေးကိုကြိုက်နေတာသိလို့များအဲလိုသတင်းပြန့်သွားတယ်လားလို့လေ။အဲကတဲကစBounအဲကလေးလေးအကြောင်းကိုမပြောတော့ဘူး။အဲအချိန်ထိအဲကလေးလေးအိမ်နဲ့သူအဆက်အသွယ်ရှိတယ်။ဒါမဲ့အဲကိစ္စဖြစ်သွားတဲ့အချိန်မှာသူအဲအိမ်နဲ့အဆက်အသွယ်ဖြတ်လိုက်တယ်။ဘာလို့လဲဆိုတော့သူ့ကလေးလေးကိုပါgayလို့ပြောခံရမှာစိုးလို့တဲ့။အဲကတဲကစသူအဲအိမ်နဲ့အဆက်အသွယ်ပြတ်သွားတာအခုချိန်ထိပဲ။ဟိုအိမ်ကသူ့ကိုဆက်သွယ်မှာစိုးလို့သူဖုန်းနံပါတ်တွေပါအကုန်ချိန်းလိုက်တာ။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now