From our first meet to the end of life - 19

285 21 16
                                    

Unicode

တက္ကသိုလ်ကျောင်းဝန်းအတွင်းကကန်တင်းတခုတွင်ကောင်လေးနှစ်ယောက်စကားပြောနေကြတယ်။

Prem - P'boss..နိုင်ငံခြားမှာအဆင်ပြေလားဟင်။

Bosston - ပြောပါတယ်ကွာ။ဘာလို့လဲကိုယ့်ကိုစိတ်ပူလို့လား။

Prem - P'bossနော်ပေါက်တတ်ကရတွေပြောပြန်ပြီ။ကျွန်တော်ကဒီတိုင်းသိချင်လို့မေးတာကို။

Bosston - ဟား....ဟား....ဟား....။P'ကစတာပါကွာ။နိုင်ငံခြားမှာအဆင်ပြေပါတယ်။ထိုင်းကိုလွမ်းလို့ပြန်လာတာပါ။နောက်ပြီးထိုင်းမှာကျန်ခဲ့တဲ့babyကိုရောပေါ့။

Prem - P'boss.....စမနေနဲ့လိုဗျာ။P'bossရီးစားသိရင်အထင်လွဲနေလိမ့်လို့။စကားကိုအကောင်းကိုမပြောဘူး။

Bosston - အိုး....စိတ်တော့ကောက်တော်မမူပါနဲ့ဗျာ။P'မစတော့ပါဘူး။နောက်ပြီးP'မှာရီးစားလဲမရှိပါဘူး။

Prem - ဘယ်သူကစိတ်ကောက်နေလို့လဲ။

Bosston - စိတ်မကောက်ရင်ဘာလို့အဲနှုတ်ခမ်းကဆူပြီးထွက်လာတာလဲ။

Prem - ဘယ်မှာဆူလို့လဲ။

Bosston - ဟား....ဟား....ဟား....။

Prem - ဒါနဲ့P'bossမှာတကယ်ရီးစားမရှိဘူးလား။

Bosston - မရှိပါဘူးကွာ။

Prem - P'လိုချောတဲ့သူကရီးစားမရှိဘူးဆိုတော့ထူးဆန်းနေပြီ။

Bosston - ကဲ.....ကိုယ့်ကိုစပ်စုနေတာထားပါအုံး။babyကရောရီးစားတွေရနေပြီလား။

Prem - မရပါဘူးဗျာ။ကျွန်တော်ချစ်ရမဲ့သူမပေါ်လာသေးပါဘူး။

Bosston - ကိုယ့်ကိုစောင့်နေတာလားbaby။

Prem - P'boss!!!

Bosston - ဘာလဲbaby။ကိုယ့်ကိုချစ်တယ်လို့ဝန်ခံတော့မလို့လား။

Prem - တော်ပြီဗျာP'နဲ့စကားမပြောတော့ဘူး။အတန်းသွားတက်တော့မယ်။မနေ့ကတနေ့လုံးအတန်းပျက်ထားတာ။မားတို့လာတာနဲ့။ဒီနေ့ထပ်ပျက်လို့မဖြစ်တော့ဘူး။P'ကလဲစကားကိုအကောင်းမပြောဘူး။သွားတော့မယ်။

Bosston - ကိုယ်ကbabyကိုစနေတာပါကွာ။အတန်းပြန်တော့မှာမလားကိုယ်လိုက်ပို့ပေးမယ်။ကိုယ်လဲUpဆီကိုပြန်သွားလိုက်အုံးမယ်။Upတယောက်ထဲအလုပ်ရှုပ်နေမှာစိုးလို့။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now