From our first meet to the end of life - 15

349 30 23
                                    

Unicode

Premအဆောင်ရှေ့ကိုရောက်တော့သူ့မားနဲ့ပါးကိုလှမ်းအော်လိုက်တယ်။

Prem - မားနဲ့ပါး........။

Boun - Prem....။

Premသူ့အော်သံနဲ့အတူသူ့နာမည်ကိုပါကြားလိုက်ရတာ​ကြောင့်မားနဲ့ပါးရဲ့ဘေးကသူကိုသူသေချာကြည့်လိုက်မိတယ်။

Prem - ခင်များ......ကျွန်တော်ပါးနဲ့မားရဲ့ဘေးမှာဘာလုပ်နေတာလဲ။

Prem mae - သားBounနဲ့သားငယ်နဲ့ကသိနေကြတာလား။

Prem - krub မား။သူကသားစီနီယာလေ။

Prem mae - ကောင်းတာပေါ့။သားငယ်ကအတိတ်မေ့နေတာကြောင့်သားBounကိုတော့မမှတ်မိလောက်ဘူး။သားငယ်လေးဒါကသားနဲ့ငယ်ငယ်ကအတူတူဆော့ပေးတဲ့အကိုလေ။သားကိုအရမ်းချစ်တာနော်။

Boun - ကလေးကအတိတ်မေ့နေတယ်ဟုတ်လားmon။

Prem - ခင်များ...ကျွန်တော့အမေကိုဘယ်လိုခေါ်လိုက်တာလဲ။

Prem mae - သားငယ်ဘယ်လိုဖြစ်နေတာလဲ။သားBounကအရင်ကတဲပအဲလိုခေါ်နေကြ။နောက်ပြိးသားBounကိုကောင်းကောင်းမွန်မွန်ဆက်ဆံလေ။

Premရဲ့maeကPremကိုလှမ်းဆူရင်းBounရဲ့အမေးကိုပြန်ဖြေလာတယ်။

Prem mae - သားBounမေးတာဟုတ်တယ်။သားရဲ့ကလေးလေးကအတိတ်မေ့နေတာ။သူအသက်၁၂နှစ်လောက်ကလေ။အဆော့ကောင်းလို့အိမ်အပေါ်ထပ်ကလှေကားကနေပြုတ်ကျတာခေါင်းထိသွားတယ်လေ။အာ့ကြောင့်အတိတ်ကကိစ္စတော်တော်များများကိုမမှတ်မိတော့ဘူး။

Prem - မားနဲ့ပါးကျွန်တော်အခန်းထဲကိုသွားရအောင်လေ။ခင်များကြီးလဲသွားစရာရှိတာသွားတော့။

Prem mae - သားငယ်ဘယ်လိုဖြစ်နေတာလဲလို့။သားBounကိုရိုရိုသေသေဆက်ဆံပါဆိုတာကို။ဘာလို့ကန့်လန့်တွေပြောနေတာလဲ။

Prem - မားဘာသိလို့လဲသူကကျွန်တော့ကိုအရမ်းအနိုင်ကျင့်တာ။အာ့ကြောင့်သူ့ကိုလုံးဝလေးလေးစားမဆက်ဆံနိုင်ပါဘူး။

Premပြောလိုက်တဲ့စကားကြောင့်Bounမျက်နှာလေညှိုးသွားတယ်။

"Boun pov-ဟုတ်ပါတယ်။ကျွန်တော်ကသူ့ကိုအနိုင်ကျင့်မိထားတာပဲ။ကျွန်တော်သူကိုစတွေ့ကတဲက ကလေးလေးနဲ့တူတယ်လို့တွေးမိပေမယ့်ကလေးလေးဖြစ်နေလိမ့်မယ်လို့တော့လုံးဝမတွေးထားခဲ့တာ။ကလေးလေးသာဆိုရင်ကျွန်တော်ကိုသေချာပေါက်မှတ်မိမှာပဲလေ။အခုတော့ကျွန်တော့ကလေးလေးဖြစ်နေတယ်တဲ့။Kaoနဲ့Upပြောတဲ့မင်းသူ့ကိုအနိုင်ကျင့်ရင်တချိန်ချိန်မှာနောင်တရလိမ့်မယ်ဆိုတဲ့စကားကမှန်နေပြီထင်ပါတယ်။ကျွန်တော်အခုနောင်တရမိနေပြီလေ။ကံကြမ္မာကိုပဲအပြစ်တင်ရမှာပေါ့။ကံကြမ္မာကြီးရယ်ကျွန်တော့မိသားစုနဲ့ကျွန်တော်ချစ်ရတဲ့ကလေးဆီကချစ်ခြင်းမေတ္တာကိုလုံးဝမရနိုင်တော့ဘူးလားဟင်"

From our first meet to the end of life(Uni+Zaw)Where stories live. Discover now