From our first meet to the end of life - 21

275 22 6
                                    

Unicode

တက္ကသိုလ်တခုရဲ့ကျောင်းဝန်းတနေရာတွင်လူများစွာအလုပ်ရှုပ်နေကြတယ်။ဒီနေ့ကUpတို့ဓာတ်ပုံclubကပြပွဲလုပ်မည့်နေ့ပင်။ဒါကြောင့်ပြပွဲကိုလာတဲ့သူများပြပွဲလုပ်မယ့်သူများနှင့်ပြည့်နေတယ်။Upနဲ့အတူBosston,Boun,Prem,Kao,Ohmတို့ပါအလုပ်တွေရှုပ်နေကြတယ်။Upနဲ့Bosstonကတော့ပြပွဲကိုတာဝန်ယူထားတဲ့အတွက်ပြပွဲမှာအမှားအယွင်းမရှိရအောင်စီစဥ်နေရတယ်။Bounနဲ့Premကတော့သူတို့ကြောငြာရမယ့်brandအတွက်ပြင်ဆင်နေရသလိုKaoနဲ့Ohmကတော့ဒီနေ့ပွဲကိုကူညီပြီးလုပ်ပေးနေကြတယ်။

Up - stageပေါ်ကဟာတွေသေချာစီစဥ်ကြအုံးနော်။

Bosston - အကုန်လုံးပြီးပါပြီကွာ။အဲလောက်ကြီးစိတ်မပူပါနဲ့တော့။

Kao - ဟုတ်ပါတယ်ချစ်ရယ်။စိတ်အေးအေးထားပါအုံး။ရော့..ချစ်မောနေအုံးမယ်။အချိုရည်သောက်လိုက်အုံး။

Kaoလှမ်းပေးတဲ့အချိုရည်ကိုUpလှမ်းယူလိုက်ရင်း...

Up - ငါပထမဆုံးဦးဆောင်ပြီးစီစဥ်ရတဲ့ပွဲဆိုတော့စိုးရိမ်လို့ပါကွာ။Bounနဲ့Premရောအဆင်ပြေတယ်မလား။

Bosston - ငါသွားကြည့်လိုက်မယ်။babyကိုလဲအားပေးစကားပြောရင်းပေါ့။ပထမဆုံးလုပ်ဖူးတာဆိုတော့ရင်တွေတုန်​ေနမှာစိုးလို့။

Bosstonကပြောပြီးတော့Premတို့ဆီကိုထွက်သွားတယ်။

Up - Kao....အဆင်ပြေမှာပါနော်။Bounနဲ့Premရန်တော့ဖြစ်မနေလောက်ဘူးမလား။ပြသနာတွေတက်နေအုံးမယ်။

Kao - ချစ်ရယ်စိတ်အေးအေးထားပါအုံး။ဘာမှမဖြစ်စေရဘူးဟုတ်ပြီလား။ချစ်လဲအေးအေးဆေးဆေးလေးနားဖို့လုပ်ပါအုံး။ဒီတပတ်လုံးချစ်ကောင်းကောင်းမွန်မွန်ကိုမနားရသေးဘူးမလား။မနေ့ကတောင်ကိုယ်နဲ့dateမလုပ်လိုက်ရဘူးလေ။

ဟုတ်ပါတယ်။Upတယောက်ဒီပွဲအတွက်အကောင်းဆုံးဖြစ်စေချင်နေတာနဲ့တအားကြိုးစားပြီးလုပ်နေတာKaoနဲ့တောင်သေချာdateမလုပ်ရဘူးလေ။

Up - စိတ်အေးအေးထားချင်ပါတယ်။ဒါမဲ့ဒီပွဲမပြီးမချင်းစိတ်အေးရမှာမဟုတ်ဘူး။

Kao - Bounနဲ့Premအတွက်ကိုစိတ်ပူမနေနဲ့။မနေ့ကမနက်ပိုင်းသူတို့နှစ်ယောက်တူတူတောင်စျေးဝယ်သွားကြသေးတယ်။တနေ့ညနေကလဲညနေစာတူတူစားပြီးအဆောင်ကိုတူတူပြန်သွားကြတယ်။PremကBounကိုကလေးလို့ပဲခေါ်လို့ပြောတယ်တဲ့။Bounတယောက်တော့တအားပျော်နေပြီလေ။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now