From our first meet to the end of life - 20

290 26 10
                                    

Unicode

တခုသောSundayမနက်ခင်းရဲ့အလင်းရောင်နဲ့အတူနိုးကြားတက်ကြစွာနိုးထလာသောလူတယောက်။ထိုလူကတော့....

Boun - ဝှား.......အိပ်လို့ကောင်းလိုက်တာ။

Bounပြောရင်းနဲ့မနေ့ညနေကအကြောင်းတွေတွေးမိရင်းမျက်နှာကပြုံးရွှင်နေတယ်။

Boun - မနေ့ညကနှိပ်နှိပ်ခြိုက်ခြိုက်ကိုအိပ်ပျော်သွားတာပဲ။ကလေးရဲ့အကျိုးကျေးဇူးတွေ။မနေ့ညနေကတအားပျော်ဖို့ကောင်းတာပဲကွာ။ပြန်တွေးကြည့်မိရင်တောင်ပျော်ဖို့ကောင်းနေတုန်းပဲ။ဘယ်နှနာရီရှိပါပြီလိမ့်။အိုး.....၈နာရီပဲရှိသေးတယ်။၉နာရီသွားမှာဆိုတော့ရေချိုးပြီးပြင်ဆင်ထားလိုက်တော့မယ်ကွာ။ပြီးတော့ကလေးရဲ့အခန်းကိုသွားပြီးစောင့်တာပေါ့ယာ

Bounလဲကိုယ့်ဟာကိုပြောပြီးရေချိုးပြင်ဆင်နေလိုက်တယ်။ရေချိုးပြင်ဆင်ပြီးတာနဲ့Premရဲ့အခန်းကိုထွက်လာခဲ့တယ်။

'ဒေါက်...ဒေါက်'

အခန်းတံခါးခေါက်လိုက်တော့Premအိပ်ချင်မူးတူးနဲ့ထပြီးတံခါးလာဖွင့်တယ်။

Prem - ဟင်း.......ခင်များအစောကြီးပါလား။ကျွန်တော်တောင်အိပ်နေတုန်းမသေး။ခင်များတံခါးခေါက်လိုက်လို့နိုးလာတာ။

Boun - တမင်စောစောလာခဲ့တာပါကွာ။နောက်ပြီးသိပ်ပြီးမစောတော့ပါဘူး၈ခွဲနေပြီလေ။

Prem - ခင်များဒီမှာထိုင်စောင့်အုံး။ကျွန်တော်ရေသွားချိုးလိုက်အုံးမယ်။

Premပြောပြီးတော့ရေချိုးခန်းထဲဝင်သွားတယ်။Premရေချိုးခန်းထဲဝင်သွားတော့Bounအခန်းကိုလျှောက်ကြည့်နေမိတယ်။

Boun - ကလေးငယ်ငယ်တုန်းကပုံလေးတွေပါလား။အား....ချစ်ဖို့ကောင်းလိုက်တာကွာ။အရင်တုန်းကအမှတ်တရတွေတောင်သတိရသွားပြီ။

Bounလဲအခန်းတခန်းလုံးကိုပတ်ကြည့်နေမိတယ်။Premရဲ့အခန်းကဘေးဘက်မှာကုတင်တလုံးရှိတယ်။အဲဘေးမှာတော့စာအုပ်စင်လေးနဲ့စာကြည့်စားပွဲရှိတယ်။ကုတင်ရဲ့ခေါင်းရင်းမှာတော့သူ့ပုံလေးတွေကိုတန်းစီပြီးကပ်ထားတယ်။Bounလျှောက်ကြည့်နေတုန်းPremရေချိုးပြီးလို့ထွက်လာတယ်။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now