From pur first meet to the end of life - 8

321 30 14
                                    

Unicode

ရေတံခွန်သွားတဲ့လမ်းတလျှောက်မှာသစ်ပင်တွေကစိမ်းစိုနေတယ်။နောက်ပြီးရေတံခွန်ကနေကျလာတဲ့တောင်ကျစမ်းရေလေးကလဲတသွင်သွင်စီးဆင်းနေတယ်။ကြည်လင်အေးမြနေတဲ့စမ်းချောင်းလေးထဲမှာငါးလေးတွေကူးခပ်နေတာကိုလဲမြင်နေရတယ်။ချစ်သူရီးစားတွေအတွက်ကတော့ရေတံခွန်သွားတဲ့လမ်းတလျှောက်ကမင်ဂလာလျှောက်လမ်းကိုလျှောက်လှမ်းနေရသလိုခံစားရလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဘေးပတ်ဝန်းကျင်အကုန်လုံးမှာပန်းပင်မျိုးစုံပွင့်ဖူးနေပြီးအပင်ပေါ်ကနေကြွေကျနေတဲ့ပန်းလေးတွေကမင်ဂလာခမ်းမမှာပန်းကြဲပေးသလိုဖြစ်နေလို့ပါ။

Bounတို့အဖွဲ့လဲဘေးပတ်ဝန်းကျင်ကိုကြည့်ပြီးစိတ်ကြည်နူးနေကြတယ်။Kaoupကတော့ချစ်စကားတွေဆိုပြီးပိုပြီးကြည်နူးဖို့ကောင်းနေတာပေါ့။အဲအချိန်မှာYachtကJanhaeကိုတိုးတိုးလေးကပ်ပြီးစကားပြောလာတယ်။

Yacht - Janငါ့ကိုကူညီပေးအုံးလေ။Samလေးနဲ့စကားပြောဖို့လုပ်အုံး။ကူညီအုံးလို့။

Janhae - အင်းပါဟယ်။ငါဖန်တီးပေးပါ့မယ်။စိတ်ကလေးကိုရှည်ရှည်ထားပါအုံး။

Yacht - တကယ်ကူညီရမှာနော်မဟုတ်လို့ကတော့Neenနဲ့တိုင်မှာ။

Janhae - လူကိုကူညီချင်စိတ်ပျောက်အောင်လုပ်နေတာပဲ။အဲဒါနဲ့ပဲခြိမ်းခြောက်နေတယ်။

Yacht - နင့်ကိုမယုံလို့လေ။ငါ့ကိုဆိုအမြဲဂျင်းထည်ဖို့ပဲတွေးနေတာကို။

Janhae - အေးပါဟယ်။ကူညီပေးပါ့မယ်။

Yachtနဲ့Janhaeစကားပြောနေတုန်းSammyကသူတို့နားရောက်လာတယ်။

Sammy - P'jan.....ဘာလုပ်နေတာလဲ။လာလေSamနဲ့တူတူသွားရအောင်။

Janhae - အင်းပါ။Kaoတို့နဲ့တူတူသွားနေတာအကောင်းမဟုတ်ဘူးလားဘာလို့အနောက်ကိုပြန်လှည့်လာတာလဲ။

Sammy - အဲဒါလားP'kaoနဲ့P'upကြောင့်လေ။ညမလိုfaလေးကိုဘေးမှာထားပြီးroနေကြလို့။

Janhae - 🤣🤣Kao....Samကနင်တို့ကိုလာတိုင်နေပြီနော်။နင်တို့ကလေးရှေ့မှာဘယ်လောက်တောင်roလိုက်လို့လဲ။

Kao - Upကိုဘယ်လောက်ချစ်ကြောင်းသက်သေတည်ပြရုံပါဗျာ။

Up - Kao....ဘာတွေလျှောက်ပြောနေပြန်ပြီလဲ။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now