From our first meet to the end of life - 22

289 21 7
                                    

Unicode

Bounနဲ့Pineareခနလောက်ဖက်နေပြီးတော့မှလွှတ်လိုက်ကြတယ်။

Boun - Pineare......ဘယ်တုန်းကပြန်ရောက်တာလဲ။

Pineare - ဘာလဲhoneyကတို့ကိုသတိရနေတာလား။

Boun - သေချာတာပေါ့ဟာ။

Premကတော့ထိုမြင်ကွင်းကိုကြည့်ရင်းအတွေးတွေလွန်နေပါတယ်။

"Prem pov-ဘာလဲဒီအမနဲ့သူနဲ့ကဘယ်လိုပတ်သက်နေတာလဲ။ဘာလို့သူ့ကိုhoneyလို့ခေါ်နေရတာလဲ။သူကရောဘာလို့မငြင်းရတာလဲ။ဒါမှမဟုတ်သူရဲ့ချစ်သူလား။ဒီအမကသူရဲ့ချစ်သူဆိုရင်သူကဘာလို့ငါ့ကိုချစ်နေတဲ့ပုံစံမျိုးလုပ်ပြနေရတာလဲ။ငါ့ကိုလိမ်ညာခဲ့တာလား။အဲအမရောက်လာတာနဲ့ငါ့ကိုတောင်ဂရုမစိုက်တော့ဘူး။သူတကယ်ပဲငါ့ကိုလိမ်ခဲ့တာလား။"

Bosston - baby......ဘာတွေတွေးနေတာလဲ။

Prem - ဘာမှမဟုတ်ပါဘူးP'။ကျွန်တော်တို့နေ့လည်စာတူတူသွားစားရအောင်။

Premအဲနေရာမှာဆက်ပြီးမနေချင်တော့တာကြောင့်Bosstonကိုခုတုံးလုပ်ပြီးတခြားနေရာကိုသွားဖို့လုပ်လိုက်တယ်။

Bosston - ထူးထူးဆန်းဆန်းပါလားbaby။ကိုယ့်ကိုအရင်စားဖို့ခေါ်နေတာဆိုတော့ဘာလို့လဲ။

Prem Bounကိုရွဲ့ချင်နေတဲ့စိတ်ကြောင့်တမင်Bosstonကိုချွဲနေတဲ့ပုံစံမျိူးနဲ့ပြန်ပြောလိုက်တယ်။

Prem - ဘာလဲP'ကPremနဲ့တူတူမစားချင်ဘူးလား။သူများကတမင်သူနဲ့စားချင်လို့ပြောနေတာကိုမစားချင်လဲနေပေါ့။အဆောင်ပဲပြန်တော့မယ်။

Premရယ်ချွဲပြီးပြောလိုက်တာကြောင့်Bosstonအပါအဝင်Bounပါအံ့သြသွားတယ်။

Bosston - အိုး.....babyဘာလို့အဲလောက်တောင်ချစ်ဖို့ကောင်းအောင်ချွဲပြီးပြောနေရတာလဲ။

Prem - P'လိုက်ခဲ့ဖို့လား။မလိုက်ဘူးလား။

Bosston - အာ....လိုက်ခဲ့မယ်...လိုက်ခဲ့မှာပေါ့။

Boun - ကလေး.....ကိုယ်တို့တူတူသွားစားဖို့ဆို။

Bounဝင်ပြောလိုက်တယ်။မနက်ကအဝတ်အစားလဲတဲ့အခန်းမှာတုန်းကပြောထားတာ။နေ့လည်ကျရင်ထမင်းတူတူသွားစားကြရအောင်လို့။အခုPremကBosstonကိုခေါ်နေတာကြောင့်Bounမေးလိုက်ခြင်းပင်။ဒါပေမယ့်Premပြန်ပြောလိုက်တဲ့စကားကြောင့်Bounတယောက်ဘာမှပြန်မပြောနိုင်အောင်ဖြစ်သွားတယ်။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now