From our first meet to the end of life - 7

317 29 3
                                    

Unicode

OhmFlukeတို့အတွဲနဲ့BounPremတို့ရဲ့တဲတွေကနဲနဲဝေးတယ်။KaoUpနဲ့Sammyတို့ကတော့တနေရာထဲမှာတူတူကျတယ်။ဒါပေမယ့်KaoUpနဲ့Sammyတို့ကလဲBounPremရောOhmFlukeနဲ့ရောဝေးတယ်။အာ့ကြောင့်Ohmနဲ့Flukeထွက်သွားတော့နေရာမှာBoumနဲ့Premနဲ့ပဲကျန်ခဲ့တယ်။

Boun - မင်းတော်တော်ငါနဲ့နေချင်နေတယ်လား။Flukeကမင်းကိုနေရာချင်းလဲပေးမယ်လို့ပြောတာတောင်မင်းကလိုက်မသွားနိုင်ရအောင်။

Prem - ခင်များကြီးတော်တော်လျှာရှည်ပါလား။ကိုယ့်ဟာကိုလိုက်မသွားတာဘာဖြစ်လဲ။နောက်ပြီးခင်များကြီးကိုပြောမယ်။အခုအချိန်မှာကျွန်တော်ကိုလာပြီးနှိပ်ဆက်နေရင်လက်ခံမှာမဟုတ်ဘူးနော်။မနက်တုန်းကဘာမှပြန်မပြောတာကတခြားသူတွေလဲစီနီယာတွေခိုင်းတာလုပ်နေရလို့ဘာမှပြန်မပြောတာ။အခုချိန်မှာတော့မရဘူး။

Boun - ဟက်....နေစမ်းပါအုံးငါကရောမင်းကိုဘာများလုပ်နေလို့လဲအခု။မင်းကလေကိုယ့်ပြသနာကိုတအားရှာတာပဲ။ငါကမေ့နေပြီဆိုရင်မင်းကအစဖော်ပေးတယ်။အခုတောင်အနိုင်ကျင့်ချင်စိတ်ပေါက်လာပြီ😏။

Prem - ခင်များကြီးဟာလေ။ပြောလေကဲလေပဲ။အာ့ကြောင့်ခင်များ​ကြီးကိုကျွန်တော်ကြည့်မရတာ။ခင်များကလေP'ohmတို့P'kaoတို့နဲ့တခြားစီပဲ။သူတို့တွေကကြင်နာတတ်သလောက်ခင်များကတော့တခြားစီပဲ။လူကိုဆိုအနိုင်ကျင့်ဖို့လောက်ပဲတတ်တယ်။

Boun - .......................

Premပြောလိုက်ပေမယ့်Bounဘက်ကအရင်လိုပြန်လည်ချေပတဲ့စကားသံပြန်ထွက်မလာဘူး။အာ့ကြောင့်Prem...Bounကိုကြည့်လိုက်တော့Bounရဲ့ပုံစံကသတိလွတ်နေပုံပေါက်နေတယ်။အာ့ကြောင့်PremလဲစကားကိုBounကိုရွဲ့တဲ့ပုံစံမျိုးနဲ့ထပ်ပြောလိုက်တယ်။

Prem - ဟေ့....ခင်များကြီးချက်ချင်းလက်ငင်းသတိလစ်သွားတာလား။ဘာမှပြန်မပြောဘူး။

Premထပ်ပြောလိုက်မှသတိဝင်လာတဲ့Boun။Boun..Premကိုကြည့်လိုက်တော့သူမျက်နှာကိုကြည့်နေတယ်။

Boun - ဘာလဲ.....တဲဆောက်ဖို့ရှိတာမဆောက်ဘူး။ဘာလို့လူကိုလာကြည့်နေတာလဲ။

Prem - အော်...သူကပဲလူကိုပြန်ပြောရတယ်ရှိသေးတယ်။သူ့ဟာသူသတိလွတ်နေတဲ့လူလိုရပ်နေပြီးတော့။ဒီမှာကျွန်တော်ပြောမယ်နော်ဒီတဲကိုတော့ကျွန်တော်တယောက်တဲလုံးဝမဆောက်ဘူးခင်များကြီးပါကူ​ဆောက်ပေးရမယ်။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now