From our first meet to the end of life - 12

344 32 3
                                    

Unicode

ခရီးကပြန်ရောက်ကတဲကစအခြေအနေတွေတော်တော်များများပြောင်းလဲကုန်တယ်။တခြားသူတွေတော့မဟုတ်ပါဘူး။Ohmတို့အဖွဲ့နဲ့Flukeတို့အဖွဲ့။Ohmနဲ့Flukeနဲ့ချစ်သူတွေဖြစ်သွားကတဲကOhmကFlukeတို့အဖွဲ့ဆီအမြဲရောက်လာပြီးFlukeကလဲOhmတို့ရေကူးတဲ့နေရာဆီအမြဲရောက်နေတတ်တယ်။Sammyလဲပါတာပေါ့။Yachtကလဲရေကူးတဲ့အဖွဲ့ကပဲလေ။နောက်ပြီးPremကလဲရေကူးတဲ့အဖွဲ့ထဲဝင်ထားတာဆိုတော့အမြဲတမ်းတွေ့ဖြစ်နေကြတယ်။မပြောင်းလဲတဲ့အရာတခုကတော့Bounနဲ့Premပါပဲ။ရန်သတ်မြဲသတ်ဆဲ။။အခုလဲရေကန်မှာနှစ်ယောက်ထဲရန်သတ်နေကြတယ်။ကျန်တဲ့သူတွေဘယ်ရောက်သွားလဲလို့မေးရင်သူတို့နှစ်ယောက်ကိုပစ်ထားကြပြီးdateအောင်သွားကြပါတယ်။

ဒါပေမယ့်အရင်တုန်းကလောက်တော့အပြင်းအထန်ရန်မဖြစ်ကြတော့ဘူး။ဘာလို့လဲဆိုတော့နှစ်ယောက်လုံးရဲ့စိတ်မှာအဖြေရှာလို့မရတဲ့အတွေးတခုဆီရှိနေကြလို့လေ။သူတို့အတူခရီးသွားပြီးလို့ပြန်လာကတဲကသူတို့အတွက်အဖြေစဥ်းစားလို့မရသေးတဲ့မေးခွန်တခုကိုကိုယ့်ဟာကိုပြန်မေးနေမိကြလို့လေ။အဲမေးခွန်းရဲ့အဖြေကတော့သေချာတာတခုကသူတို့နှစ်ယောက်လုံးရဲ့စိတ်ထားတွေပြောင်းလဲမှုနဲ့အများကြီးသက်ဆိုင်နေပါတယ်။

Boun - ရေကိုသေချာကူးလေ။မြန်မြန်ကူး။မင်းစားထားတဲ့အစားအစာတွေအားလုံးဘယ်ရောက်ကုန်လို့လဲ။

Premရေကူးတာကိုရပ်လိုက်ရင်းကန်ထဲကနေပြန်ပြောလိုက်တယ်။

Prem - ခင်များကြီးမညှာမတာခိုင်းနေတာလေ။ကျွန်တော်စားထားသမျှလဲမရှိတော့ဘူးလေ။ခင်များကြီးကျောင်းဆင်းကတဲကလေ့ကျင့်ခိုင်းနေတာ။

"Prem pov-ဟုတ်တယ်လေ။ညနေ၄နာရီကနေလေ့ကျင့်နေတာအခုပဲ၆နာရီထိုးနေပြီ။နေ့လည်စာပဲစားရသေးတာလေ။ဗိုက်လဲဆာနေပြီဆက်ပြီးလေ့မကျင့်နိုင်တော့ဘူး။သက်သက်မဲ့အနိုင့်ကျင့်နေတာ။တကယ်ကိုအငြှိုးကြီးတဲ့လူ...ဟင်း"

Premတွေးနေမိတယ်။အဲအချိန်Bounက.....

Boun - မင်းတကယ်ဆက်ပြီးမလေ့ကျင့်တော့ဘူးလား။

Prem - ဟုတ်တယ်။လုံးဝမလေ့ကျင့်နိုင်တော့ဘူး။ခင်များကြီးကျွန်တော်ကိုသက်သက်မဲ့အနိုင်ကျင့်နေတာကို။တော်ပြီ...ခင်များဟာခင်များကူးချင်ကူး။ကျွန်တော်တော့ခင်များအနိုင်ကျင့်တာကိုမခံနိုင်တော့ဘူး။ဗိုက်လဲဆာနေပြီ။

From our first meet to the end of life(Uni+Zaw)Where stories live. Discover now