အပိုင်း(၂) both unicode and zawgyi

10.5K 342 1
                                    

#အစပိုင်းလေးတွေနဲနဲတိုနေရင်လည်းသည်းခံပေးကြပါအုံးနော် နောက်ပိုင်းကျရှည်ရှည်လေးတွေရေးပေးပါ့မယ်
ပြီးတော့ လိုအပ်ချက်လေးတွေရှိလည်းသည်းခံပြီးဖတ်ပေးကြပါအုံးလို့ ။ ဇာတ်ကောင်တစ်ယောက် ယောက်ကတွေးတဲ့အကြောင်းဆိုရင် ^ ^ဒီလိုလေးတွေနဲ့ရေးပါမယ်နော်။

ကျောင်းပထမဆုံးနေ့ဆိုတော့ ဘာမှလည်းမသင်။ ထမင်းစားဆင်းတော့ တစ်ချို့လည်းပြန်ကြတယ်။'မိုးအေး'လည်း မပြန်ချင်သေးတာနဲ့

" 'ပန်း'နဲ့ 'စုပြည့်' ငါတို့Libraryသွားရအောင်လေ"

"မိုးအေးမ နင်ကလည်း စာဂျပိုးလို့မပြောရဘူး Libraryသွားမယ်ဆိုတာချည်းပဲ ။ငါတော့မလိုက်တော့ဘူး 'ပန်း' ကိုခေါ်သွား။"

" 'ပန်း' နင်လိုက်မယ်မလား"

"No no ငါကအစကတည်းက ဒီနေ့တက်ချင်သေးတာမဟုတ်ဘူး အဲ့တာနင်ကတက်ချင်တယ်ဆိုလို့သာလိုက်လာတာ အစကတည်းကစာမသင်ရင် 'မ' နဲ့သွားတွေ့မလို့လုပ်ထားပြီးသား ။ အဲ့တာ ငါခုနက 'မ'ဆီဖုန်းဆက်ပြီးပြီ။ငါသွားတော့မယ် Bye👋👋👋။"

"နင်တို့ကလည်း အားကိုးလို့ကိုမရဘူး။ ဘယ်လိုသူငယ်ချင်းတွေပါလိမ့်။ မလိုက်လည်းနေကြ ငါ့ဟာငါသွားမယ်။"

"သွားပေါ့ ။သွားမယ်ပြောပြီး Libraryကဘယ်နားရှိသလဲရောသိလို့လား။"

" 'မသိမေး မစင်ဆေး'တဲ့ မသိလည်းမေးပြီးသွားမှာပေါ့။'စုပြည့်' နင်တကယ်မလိုက်ဘူးနော်?။"

"အေးမလိုက်ပါဘူးဆို ငါလည်းပြန်မှာ "

"ပြီးတာပဲ သွားပြီ ဟွန့်😒"

"သွားသွား ငါတို့လည်းပြန်ပြီ"

သူတို့ကိုအမြင်ကတ်လို့သာ တစ်ယောက်တည်းထွက်လာတာ ဆေးကျောင်းထဲ Libraryကဘယ်နားမှာရှိတာလဲ သိတောင်မသိဘူး။

ထမင်းစားလဲဆင်းပြီဆိုတော့ ဟိုကောင် 'သက်တန့်'ကို Libraryသွားခေါ်ရအုံးမယ်။ဒီလိုနဲ့ 'နေမင်း'တစ်ယောက် Libraryဘက်ထွက်လာခဲ့တယ်။

'မိုးအေး' Libraryဘယ်မှာရှိလဲရှာနေရင်း မေးဖို့လုပ်ပေမဲ့ ဘယ်သူမေးရမလဲ မသိဖြစ်နေတယ်။အဲ့ချိန် မိုးအေးရှေ့ကနေ ယောကျာ်းလေးတစ်ယောက်ဖုန်းပြောရင်းဖြတ်သွားတယ်။သူပြောနေတာက...

မင်းနဲ့မှWhere stories live. Discover now