အပိုင်း(၁၄)both unicode and zawgyi

5.9K 266 6
                                    

ဟိုနေ့က ကိုနေမင်းထွဋ်ခေါင်လာတောင်းပန်ပြီး ခင်ခင်မင်နေကြရအောင်လို့ပြောပြီးကတည်းက အကိုနဲ့မိုးအေးနဲ့ လိုင်းပေါ်မှာစကားပြောဖြစ်ကြတယ်။ကိုသက်တန့်နဲ့လည်းနဲနဲပါးပါးပြောဖြစ်တယ်။အခု အကိုက မနက်ဖြန်  Test 1ဖြေတာနောက်ဆုံးနေ့ဆိုတော့ စာမေးပွဲပြီးရင် မုန့်သွားစားကြရအောင်တဲ့ သူရယ်ကိုသက်တန့်ရယ် မိုးအေးသူငယ်ချင်းတွေရယ်တဲ့ သူကျွေးမှာပါတဲ့ မိုးအေးလည်းသူငယ်ချင်းတွေကိုမေးလိုက်အုံးမယ်လို့ပြောလိုက်တယ်။

အဲ့တာနဲ့ group chatထဲဝင်ပြီး

[ဟိုဟာလေ မနက်ဖြန် စာမေးပွဲပြီးရင် ကိုနေမင်းထွဋ်ခေါင်က မုန့်လိုက်ကျွေးမလို့တဲ့ နင်တို့တွေနဲ့လည်း မိတ်ဖြစ်ဆွေဖြစ်ပေါ့တဲ့ အဲ့တာနင်တို့ဘယ်လိုသဘောရလဲ]

လိုင်းပေါ်အမြဲတမ်းနီးပါးရှိနေတဲ့စုပြည့်မှ
[ဟဲ့တကယ်လား Kingကြီးက မုန့်လိုက်ကျွေးမလို့တဲ့လား ငါကတော့Okပဲ]

[ပန်း နင်ရော]

[ငါတို့ မိန်းကလေးတွေချည်းပဲတော့မသွားချင်ပါဘူး]

မိုးအေးလည်းအစကတည်းက အဲ့လိုတွေးမိလို့ ရှိုင်းကို ခေါ်ရင်ကောင်းမလားလို့စဉ်းစားနေမိတာနဲ့အတော်ပဲ

[ရှိုင်းကိုပါ ခေါ်ခဲ့မယ်လေ သူကအခုလိုင်းပေါ်မရှိဘူးဆိုတော့ ငါဖုန်းဆက်ပြောလိုက်မယ်]

[အင်းအဲ့ဆိုရင်တော့ မဆိုးပါဘူး ရှိုင်းပါမယ်ဆိုရင်တော့ okပေါ့]

[အေး အဲ့ဆိုငါရှိုင်းဆီဖုန်းဆက်လိုက်အုံးမယ်]

Ring...ring...ring..
ရှိုင်း ဖုန်းလာတာနဲ့ ကြည့်လိုက်တော့ မိုးအေးဆီကပဲ သူစာမေးပွဲဖြေနေရတာမို့ ဒီရက်ပိုင်းသူ့ဆီဖုန်းဆက်ချင်တာကို ထိန်းနေခဲ့ရတာ အခုသူ့ဘက်ကစဆက်တာဆိုတော့ ပျော်လိုက်တာ။ဟမ် နေပါအုံး ကိစ္စတစ်ခုခုရှိလို့ဆက်တာလည်းဖြစ်ချင်ဖြစ်နေမှာ အရမ်းဝမ်းသာနေလို့မဖြစ်သေးဘူး..

"ဟယ်လို "

"အေး ရှိုင်း နင်လည်းနော် ဒီတစ်သက် ဖုန်းကိုင်သေးလို့ပဲ ဘာတွေများလုပ်နေလို့လဲ"

ရှိုင်းကိုယ့်ဘာသာကိုတွေးနေတာနဲ့ ဖုန်းကိုင်တာနောက်ကျသွားလို့ ဒေါ်ရွှန်းမိုးအေးတို့ ဟောက်နေတာ

မင်းနဲ့မှWhere stories live. Discover now