အပိုင်း(၂၂)both unicode and zawgyi

5.3K 192 8
                                    

#ကဲ နေမင်းနဲ့မိုးအေးတို့ကတော့ အဆင်ပြေသွားကြပြီ အဆင်မပြေတာကတော့ချမ်းပါပဲ FAလေးဆိုတော့ ရည်စားဖြစ်သွားတဲ့နောက်ပိုင်းရေးဖို့ကိုတော်တော်စဉ်းစားလိုက်ရပါတယ်။တတ်သလောက်မှတ်သလောက်တော့ Roပေးထားပါတယ် လိုအပ်ချက်လေးတွေရှိလည်းခွင့်လွှတ်ပေးကြပါအုံးနော်။အားပေးတဲ့သူတစ်ယောက်ချင်းကို တကယ်ကျေးဇူးတင်ပါတယ်နော်😘

နေမင်း  ဒီနေ့ပျော်လိုက်တာတကယ်ပဲ ရွှန်းဆီကအဖြေရပြီး ရွှန်းနဲ့ချစ်သူတွေဖြစ်သွားကြပြီတဲ့
ဒါနဲ့ မနက်ဖြန် saturday ဆိုတော့ weekend ပဲ weekendဆိုတော့
dateလို့ရတာပေါ့ အဲ့ဆို ရွှန်းကိုဖုန်းဆက်ပြီး အားမအားမေးကြည့်ရမယ်

မိုးအေး အိမ်ပြန်ရောက်ကတည်းက ရင်ခုန်ပြီး ဒီတိုင်းထိုင်နေတာနဲ့ ရေချိုးတာတောင်နောက်ကျ​တယ် အခု၆နာရီတောင်ထိုးနေပြီ ခါတိုင်းဒီချိန်ဆို ရေချိုးပြီးလို့ စာတောင်ကျက်နေပြီ ဒီနေ့၁၅မိနစ်လောက်နောက်ကျသွားတယ် စာကျက်ချိန်ကို ကဲ စာကျက်လိုက်ပါအုံးမယ်

Ring... ring....

စာကျက်ပါမယ်ဆိုမှဖုန်းကလာပြီ ပြီးမှပဲပြန်ခေါ်လိုက်တော့မယ် ဘယ်သူဆက်လဲဆိုတာလည်းမကြည့်တော့ဘဲ ဖုန်းကို silent လုပ်ပြီး စာသာဆက်ကျက်လိုက်တယ်

နေမင်း ရွှန်းကို ဖုန်းဆက်နေတာကြာပြီ မကိုင်ပေ။ ရွှန်းတစ်ခုခုဖြစ်လို့များလား messenger ကနေ စာပို့ကြည့်ရမယ် ဟာ လိုင်းပေါ်လည်းမရှိဘူး ဘာဖြစ်နေလို့လဲမသိဘူး

နေမင်းတစ်ယောက် ရွှန်းတစ်ခုခုများဖြစ်လို့လားဆိုပြီး စိတ်ပူပြီး ဖုန်းတွေဆက်နေတာ အခါ၂၀လောက်ရှိပြီ မကိုင်ဘူး မဖြစ်တော့ဘူး
သက်တန့်ဆီဖုန်းဆက်ပြီး ရွှန်းသူငယ်ချင်းတစ်ယောက်ယောက် ဖုန်းနံပါတ်တောင်းရမယ်

"ဟယ်လို သက်တန့် မင်းဆီမှာလေ ရွှန်းသူငယ်ချင်းတစ်​ယောက်ယောက်ဖုန်းနံပါတ်ရှိလား"

"အေးရှိတယ် စုပြည့် ဖုန်းနံပါတ်ရှိတယ် ဘာလို့လဲ"

"ငါရွှန်းဆီဖုန်းဆက်နေတာ တော်တော်ကြာနေပြီ မကိုင်လို့တစ်ခုခုများဖြစ်နေလားလို့ "

မင်းနဲ့မှWhere stories live. Discover now