အပိုင်း(၂၁)both unicode and zawgyi

5.2K 203 8
                                    

#မျှော်နေကြတဲ့သူလေးတွေကို အားနာလို့ တစ်ရက်ထဲနှစ်ပိုင်းတင်ပေးလိုက်ပါတယ်နော်။တကယ်တော့ ရေးရမှာပျင်းပျင်းနေလို့ motiလေးတွေပေးခဲ့ကြပါအုံးနော်။

မိုးအေး ဒီနေ့ ထမင်းစားချိန်တစ်ခုလုံး အေးဆေးမနေရပါ ကိုနေမင်းထွဋ်ခေါင်ရောက်လာ၍ ရှောင်နေရသည်။ နှစ်ရက်ပြည့်မှ ရောက်လာမယ်ထင်ပြီး အေးဆေးနေနေတာ ဘာလို့ရောက်လာလဲမသိဘူး မိုးအေးလည်းဘာပြောရမှန်းမသိ၍ ရှောင်သာနေလိုက်သည်။

ညနေ​တော့ မလာလောက်ပါဘူးနော်ဒါပေမဲ့လိုက်ပို့ပေးမယ်ဆိုပြီးပြောထားတာလေ အာစကားအရပြောတာနေမှာပါ ဆေးရုံကနေတော့တကူးတကကြီးပြန်မလာလောက်ပါဘူး

"ဟျောင့် နေမင်း မင်းပြောတော့ သွားနှင့်ဆိုပြီး ဘာလို့ချက်ချင်းကြီးလိုက်လာတာလဲ"

"အဲ့တာက ကွာ ရွှန်းကိုသွားတွေ့တာ ငါအဝေးကလှမ်းကြည့်တုန်းကတောင် ထိုင်ပြီးထမင်းစားနေတာပါ သူတို့နားလည်းရောက်ရော ဘယ်ရောက်သွားမှန်းမသိဘူး သူ့သူငယ်ချင်းတွေမေးတော့လည်း မသိဘူးတဲ့ ဒီတိုင်းထသွားတာပဲတဲ့ အဲ့တာနဲ့အဖြေတောင်းဖို့နေနေသာသာ စကားကိုမပြောခဲ့ရဘူး"

"ဟားဟား ဟားဟား မိုးအေးကမင်းလာတာ လှမ်းမြင်ပြီးအရင်ထွက်သွားတာနေမှာ အဲ့တော့မင်းဘယ်လိုလုပ်မှာလဲ "

"ညနေကျ ကျောင်းပြန်သွားပြီးစောင့်မှာ ဒီတိုင်းတော့မနေဘူး"

"လုပ်ကွာ ငါ​တော့မလိုက်နိုင်ဘူး ဆေးရုံကပြန်ရင် ပင်ပန်းရတဲ့ထဲ ကျောင်းပြန်သွားမှာတဲ့ မင်းတော့ တော်တော်ဟုတ်နေပြီ"

အတန်းပြီးတော့ မိုးအေး ပန်းရယ်စုပြည့်ရယ်နဲ့စကားပြောရင်း ပါကင်ကိုလာခဲ့တယ် အဲ့မှာ နဲနဲခပ်လှမ်းလှမ်းမှာ ကားကိုမှီကာ ဖုန်းနှိပ်ပြီးစောင့်နေတဲ့ ကိုနေမင်းထွဋ်ခေါင်ကိုတွေ့လိုက်ရတယ် လူကအဝေးကမို့သိပ်မသေချာပေမဲ့ ကားကတော်သေချာသည် သူ့ကားမှသူ့ကားအစစ်

"ပန်း စုပြည့် ငါအရင်သွားနှင့်ပြီနော် "ဆိုပြီး ဆိုင်ကယ်ကိုအမြန်ထုတ်ကာ မောင်းထွက်လာခဲ့သည်။တော်​သေးတာပေါ့ မိုးအေးဆိုင်ကယ်ထားတဲ့နေရာက သူစောင့်နေတဲ့နေရာနဲ့ နဲနဲလှမ်းလို့

မင်းနဲ့မှWhere stories live. Discover now