အပိုင်း(၄) both unicode and zawgyi

8.1K 328 0
                                    

#ဒီနေ့ချမ်းမွေးနေ့မို့လို့ ၂ပိုင်းupပေးလိုက်ပါတယ်ရှင်။ဖတ်ကြည့်ပေးကြပါအုံး။ကြိုက်ရင်လည်းvoteလေးတွေပေးခဲ့ကြပါအုံးနော်။လိုအပ်ချက်လေးတွေရှိပေမဲ့လည်းဖတ်ပေးကြလို့တကယ်ကျေးဇူးတင်ပါတယ်ရှင့်

^^ဟူး ဘာလိုလိုနဲ့ 'မိုးအေး'တို့ကျောင်းဖွင့်တာတစ်ပတ်တောင်ရှိပြီ။ပထမဆုံးသုံးရက်လောက်ကတော့ စာမသင်ပေမဲ့ နောက်ရက်တွေကစပြီးသင်တယ်။ဒီနေ့တော့သောကြာနေ့ဆိုတော့ဒီတစ်ပတ်အတွက်ကျောင်းတက်ရတာ နောက်ဆုံးရက်ပေါ့။ ^^

၄နာရီထိုးလို့ အတန်းပြီးတာနဲ့ 'မိုးအေး'တို့သုံးယောက် ဆိုင်ကယ်ထားတဲ့နေရာကိုလာခဲ့ကြတယ်။ဆိုင်ကယ်ထားတဲ့နေရာနဲ့ကားထားရတဲ့နေရာကမတူဘူးလေ။ကားတွေကအပေါက်နားမှာထားရတာ။'မိုးအေး'တို့ဆိုင်ကယ်တွေထားရတာကအတွင်းနဲနဲပိုရောက်တယ်။'မိုးအေး'ဆိုင်ကယ်ထုတ်ပြီးအပေါက်နားရောက်မှ 'စုပြည့်'က

" 'မိုးအေး'ရေ အဲ့နားခနရပ်ထားခဲ့အုံးဆိုင်ကယ်ကို ငါအခန်းထဲ ဖုန်းမေ့ခဲ့လို့ သွားယူချင်လို့ 'ပန်း'တစ်ယောက်က လှမ်းအော်တာလည်းမကြားဘူးအတင်းစီးထွက်သွားပြီ။နင်တော့လိုက်ခဲ့ပေးအုံး။"

အဲ့တာနဲ့ 'မိုးအေး'ဆိုင်ကယ်ကို အပေါက်နားက ကားပါကင်ရှေ့ခနဆိုပြီးရပ်ထားခဲ့လိုက်တယ်။

ပြီးတော့ 'စုပြည့်'ဆီပြန်ပြေးသွားပြီး

"လာလာ အမတော် နင်လှမ်းအော်တာ သာကြားလိုက်လို့ပေါ့။လာသွားယူမယ်။"

'နေမင်း' ကျောင်းဆင်းလို့ ကားပါကင်ကို 'သက်တန့်'အတူ စကားပြောရင်းလျှောက်လာစဉ် 'နေမင်း'ကားရှေ့တွင် စကိုဖီးတစ်စီး ရပ်ထားတာကို တွေ့ရ၍

"ဟာကွာ ငါ့ကားရှေ့မှာ ဘယ်သူကလာပိတ်ရပ်ထားတာလဲကွာ။ သူများကားရှေ့အဲ့လိုစည်းမရှိကမ်းမရှိ မရပ်ရဘူးဆိုတာနားမည်ဘူးလားမသိဘူး"

" 'နေမင်း' မင်းကလည်း ဘယ်သူကတော့တမင်ရပ်ထားပါ့မလဲ တစ်ခုခုရှိလို့ခနရပ်ထားတာနေမှာပေါ့။စောင့်လိုက်ပါ။"

"ဆိုင်ကယ်က ဇက်သော့လည်းခတ်ထားတော့ဘာလုပ်လို့ရမလဲ။စောင့်ပဲစောင့်ရတော့မှာပေါ့။ဟူး....😤..။"

မင်းနဲ့မှWhere stories live. Discover now