အပိုင်း(၂၇)both unicode and zawgyi

5.1K 165 2
                                    

မူးပြီးအိပ်ပျော်နေတဲ့အမူးသမားလေးကို နေမင်း ချီပြီး နေမင်းရဲ့ကွန်ဒိုကိုပဲခေါ်လာခဲ့၏။နေမင်းရဲ့အိပ်ရာပေါ်မှာ ချပေးပြီး ထမယ်အလုပ် ရွှန်းကထ ထိုင်လာ၍ နေမင်း၏ပါးနှစ်ဖက်အား သူ့လက်ကလေးတွေနဲ့ကိုင်ကာ

"ကိုကို ကိုကိုလားဟင် မိုးအေးကိုလာတွေ့တာလား မိုးအေးက ကိုကို့ကိုလွမ်းနေတာ ဘာလို့အခုမှလာတာလဲ "

"ကိုကိုကလေ အရမ်းချောတာပဲ မိုးအေးကိုကို့ကို နမ်းမယ်နော်"
ဆိုပြီး နေမင်းနှုတ်ခမ်းကိုသူ့နှုတ်ခမ်းလေးတွေနဲ့လာထိကာ ပြန်အိပ်ပျော်သွား၏။

ရွှန်းဘက်က စနမ်းတာ ဒါပထမဆုံးပင် အဲ့ကြောင့် နေမင်း ကြောင်သွားရ၏။နေမင်းမှာ ကြောင်နေတာရော ရွှန်းက ပါးကိုကိုင်ထားတာရောကြောင့် ပြန်မနမ်းလိုက်ရခင်မှာပဲ ဝက်ပေါက်လေးကအိပ်ပျော်သွားသည်။ဒါနဲ့ပဲ
နေမင်း ရွှန်းနဖူးလေးကိုနမ်း၍ ရွှန်းကို စောင်ခြုံပေးကာအခန်းထဲကထွက်ခဲ့သည်။

အဲ့ကျမှ နေမင်းလည်း ဟင်း ချနိုင်တော့၏။ဟိုလိုဆို ကိုယ်လည်း စိတ်ထိန်းနိုင်ပါ့မလားမသိဘူး။နေမင်းကတော့ ဧည့်ခန်းက ဆိုဖာပေါ်မှာပဲအိပ်သည်။သူလေးနဲ့အတူတူအိပ်ရင် ဘာလုပ်မိမလဲဆိုတာ ကိုယ့်ကိုကိုယ်စိတ်မချ၍
အပြင်မှာသာ အိပ်လိုက်သည်။

မနက်ခင်းရဲ့နေရောင်ခြည်နုနုလေးက မျက်နှာပေါ်ကျရောက်လာ၍ နေမင်းလည်းအိပ်ရာမှထလာခဲ့၏။အခန်းထဲဝင်ကြည့်တော့ ဝက်ပေါက်ကအိပ်တုန်း အဲ့တာနဲ့ နေမင်းလည်း မျက်နှာသစ်သွားတိုက်ပြီး ဝက်ပေါက်လေးနိုးလာရင်စားဖို့မနက်စာပြင်ထားလိုက်၏။

မနက်စာပြင်ပြီးနာရီကြည့်မိတော့ ၈နာရီထိုးနေပြီ။နိုးလောက်ပြီလားမသိဘူးဆိုပြီး ဝင်ကြည့်လိုက်တော့ စောင်ထဲမှာ ကွေးကွေးလေးအိပ်နေတဲ့ ဝက်ပေါက်လေးကိုမြင်တော့ နေမင်းလည်း
သူ့ဘေးမှာ ခနလှဲအုံးမယ်ဆိုပြီး ဘေးကိုဝင်လှဲကာ စောင်ထဲဝင်လိုက်ပြီး ဝက်ပေါက်လေးရဲ့ခန္ဓာကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းကာ ဖက်ထားလိုက်၏။
သူကလည်း နေမင်းရင်ခွင်ထဲပိုတိုးဝင်လာပြီး ခြေထောက်တစ်ဖက်ကပါလာခွ၏။ကြည့်ရတာ ဒီကောင်မလေးသူ့ဖက်လုံးထင်နေတာနေမှာ နိုးမှဘယ်လိုနေမယ်မသိဘူး ။ဒီလိုနဲ့ နေမင်းလည်းခနဆိုပြီး ပြန်အိပ်ပျော်သွား၏။

မင်းနဲ့မှWhere stories live. Discover now