အပိုင်း(၂၅)both unicode and zawgyi

5K 174 3
                                    

အခုဆိုရင် မိုးအေးတို့ second testဖြေရဖို့ သုံးရက်လောက်ပဲလိုတော့တာ
ဒီနေ့သောကြာ မနက်ဖြန်စနေ တနင်္ဂနွေပြီးလို့
Mondayဆိုစဖြေရပြီလေ
အဲ့ကြောင့် အကိုနဲ့ နေ့လည်စာစားချိန်ကလွဲပြီး ကျန်တဲ့အချိန်တွေမတွေ့ဖြစ်ကြဘူး
နေ့လည်စာစားချိန်တောင် အမြဲတမ်းအတူတူမစားဖြစ်ပါဘူး အကိုတို့ ပါမောက္ခက စောစောခေါ်တဲ့နေဆို အကိုနဲ့ကိုသက်တန့်က ဆေးရုံမှာပဲ စားလိုက်ကြတာ
ဒီနေ့တော့ အကိုက ကျောင်းဆင်းတော့  လာစောင့်နေတယ်လေ ကြည့်ရတာ ဆေးရုံကစောစောပြီးလို့ လာတာနေမှာ

"အကို မိုးအေးဆီလာတာလားဟင်
နေ့လည်က ထမင်းရောစားကြရဲ့လား ပါမောက္ခခေါ်လို့သွားရတာ"

"ဟုတ်ပါ့ ဒီကဝက်ပေါက်လေးဆီလာတာ နေ့လည်ကမတွေ့ရလို့ မနက်ဖြန်ကျလည်း ကျောင်းပိတ်ရက်ဆိုတော့ မတွေ့ရဘူးလေ ရွှန်းက သူငယ်ချင်းတွေနဲ့စာကျက်မှာမလား
နေ့လည်စာက ပါမောက္ခကပြီးတော့ လိုက်ကျွေးတယ်"

"အော်အင်း "

"ရွှန်း မနက်ဖြန်စာက ဘယ်ချိန်ကျက်ပြီးမှာလဲ တွေ့ရအောင်လေ "

"အကိုကလည်း စာမေးပွဲပြီးမှ အေးဆေးတွေ့ကြမယ်လေ အခုကျစာမေးပွဲနဲ့ဆို​တော့ အပြင်ထွက်ရမှာစိတ်မဖြောင့်ဘူး"

"အဲ့ဆိုလည်း မနက်ဖြန်ကိုယ့်အိမ်မှာစာလာကျက်လိုက်ကွာ စုပြည့်တို့ကိုသူတို့ဘာသာကျက်ခိုင်းပြီး"

"အဲ့လိုကျ မကောင်းဘူးလေ အကိုကလည်း သူတို့နဲ့ စာမေးပွဲနီးတိုင်းအတူကျက်နေကြကို"

"ရွှန်း ကလည်းကွာ အဲ့ဆို ကို့ဆီလည်းလာမကျက်ချင်ဘူးဆို ကိုယ့်ကို ကိုကိုလို့ခေါ် "

"ဟမ် ဘာဆိုင်လို့လဲ"

"ဆိုင်တယ်လေ တစ်ခုတော့လိုက်လျောပေးပေါ့ အိမ်မှာလာမကျက်ချင်ဘူးဆို ကိုကိုလို့ခေါ် "

"ဟာ အကိုကလည်း တစ်မျိုးကြီးပဲ အဲ့လိုခေါ်ရမှာ ဒီတိုင်းလေးကောင်းပါတယ် "

"မရဘူး ခေါ်ကွာ မခေါ်ရင် ကိုယ် ကိုယ်တိုင် စုပြည့်ဆီဖုန်းဆက်ပြီး မနက်ဖြန်ကိုယ်နဲ့စာအတူကျက်မှာမို့လို့ ရွှန်းအိမ်မလာနဲ့ဆိုပြီး လှမ်းပြောမှာနော်"

မင်းနဲ့မှWhere stories live. Discover now