အပိုင်း(၅) both unicode and zawgyi

7.5K 303 6
                                    

#ဒီနေ့အတွက် ၂ပိုင်းမြောက်ပါနော်။ဖတ်ပေးကြပါအုံး။ ကြိုက်ရင်လည်းvoteလေးတွေပေးခဲ့ကြပါအုံးနော်။ဒါဒါတို့ရဲ့voteလေးတွေက ချမ်း ဆက်ရေးဖို့အတွက် အားပါပဲရှင်။

'မိုးအေး' မနေ့ညကFridayဆိုတော့ စာကျကိပြီး နောက်ကျတဲ့အထိဖုန်းသုံးနေတယ်။မနေ့ညက သူငယ်ချင်းတွေနဲ့လည်း video callပြောဖြစ်တယ် 'ရှိုင်း'ကစခေါ်တာနဲ့။ 'ရှိုင်း'ကစနေနေ့တွေ့ရအောင်ပြောတော့ 'မိုးအေး'လည်းတွေ့မယ်ပြောလိုက်တယ်။

ခါတိုင်းဆိုအပြင်သွားရင်ထိပ်ဆုံးကလိုက်တဲ့နှစ်ကောင်ကထူးထူးဆန်းဆန်းမလိုက်ဘူးတဲ့။ဟို 'ပန်း'တစ်ယောက်က သူ့ 'မ'စိတ်ဆိုးနေလို့သွားချော့ရမှာမို့လို့တဲ့။ 'စုပြည့်'ကတော့ မုန့်ဖိုးမရှိလို့တောင်းတာကို သူ့အမေကသူ့ရွှေဆိုင်ကို တစ်ရက်ထိုင်ပေးမှပေးမယ်ဆိုလို့ ဆိုင်ထိုင်ရမှာဆိုပြီး မလိုက်ဘူးတဲ့။အဲ့လိုနဲ့ 'ရှိုင်း'နဲ့ 'မိုးအေး'နှစ်ယောက်ထဲပဲ Oceanမှာတွေ့ဖို့ချိန်းလိုက်တယ်။

စနေနေ့မနက်ရောက်တော့ မိုးအေး ရေချိုးအဝတ်စားလဲ၍ အောက်ထပ်ဆင်းကာ

"Morning မေမေ 'မိုးအေး'အပြင်သွားလိုက်အုံးမယ်နော်။မနက်စာကိုအပြင်မှာပဲစားလိုက်မယ်။"

"ကျောင်းပိတ်ရက်ကိုဘယ်သွားမလို့လဲ သမီးရဲ့"

" 'ရှိုင်း'နဲ့ Oceanမှာချိန်းထားလို့ "

"အော် Ocean သွားမလို့လား။ အဲ့ဆိုသမီးမောင်လေးအတွက်မုန့်လေးဘာလေးဝယ်ခဲ့အုံးသူကြိုက်တာလေးတွေ သူ့အဆောင်ကိုပို့ပေးရအောင်။"

^^မေမေကတော့ သူ့သားအတွက်ပဲဟွန့်^^စိတ်ထဲကသာပြောတာပါအပြင်မှာတော့

"ဟုတ်😐"

Ocean YKKO၌ 'ရှိုင်း'အရင်ရောက်နှင့်နေပြီး 'မိုးအေး'အားစိတ်လှုပ်ရှားစွာစောင့်နေမိသည်။ဘာလို့လဲဆိုတော့ ဒီနေ့ 'မိုးအေး'ကို
'ရှိုင်း' ဖွင့်ပြောမလို့ပါ။အဲ့ကြောင့် မနေ့က 'ပန်း'
ကို ကြိုပြောထညးပြီးမအားဘူးပြောဖို့ကြိုဇာတ်တိုက်ထားတာ 'ရှိုင်း'မိုးအေးကို ၉တန်းလောက်ကစကြိုက်ခဲ့ကတည်းက 'ပန်း'
က သိခဲ့တယ်။

ပြီးတော့ခနခနဖွင့်ပြောဖို့လည်းပြောတယ်။အဲ့ကြောင့်ဒီနေ့သတ္တိမွေးပြီးပြောကြည့်မလို့။ 'စုပြည့်'ကတော့ မသိဘူး။ အဲ့ကြောင့် မနေ့က 'စုပြည့်'မလာအောင်ဘယ်လို​ပြောရမလဲ စဉ်စားခဲ့ရပေမဲ့ ကံကောင်းချင်တော့သူကသူ့ဟာသူကိုမအားဘူး။

မင်းနဲ့မှWhere stories live. Discover now