The End အပိုင်း(၃၀) both unicode and zawgyi

12.4K 247 12
                                    

"ဟဲ့ မိုးအေး စုပြည့်မက လာအုံးမှာလားဟယ် duty offတဲ့ရက်လေးတွေ့ရတာကို"

"အေးဟုတ်တယ် ငါလည်း သင်တန်းပိတ်ရက်လေးမို့လို့ နင်တို့နဲ့လာတွေ့နိုင်တာ"

"လာမှာပါဟယ် နောက်ကျနေတာနေပါမှာ"

မိုးအေးတို့သုံးယောက်က အခုဆို ဘွဲ့ရပြီး တစ်နှစ်ရှိပြီဆိုတော့ဆရာဝန်ပေါက်စတွေဖြစ်နေပြီလေ။
ရှိုင်းကလည်း အခုဆိုရင် UFLကသူ့သူငယ်ချင်းတွေနဲ့အတူ ဘာသာစကားသင်တန်းကျောင်းဖွင့်ထားပြီး သူကလည်းဆရာပြန်လုပ်နေတာ တော်တော်အဆင်ပြေနေရဲ့။

"ဟေ့ သုံးကောင် ငါလေးရောက်ပြီ နဲနဲနောက်ကျသွားတာ sorryဟယ် ကိုကြီးက သူလိုက်ပို့မယ်ဆိုပြီး အတင်းစောင့်ခိုင်းနေလို့"

"အေးပါ လာအုံးမှပဲ ငါက နင့်ယောကျာ်းကိုဟိန်းက ကုမ္ပဏီပိတ်ရက်ဆိုတော့ ယောကျ်ားနားကပ်ပြီးမလာတော့ဘူးလားလို့"

"အာ မဟုတ်ရပါဘူး ပန်းရယ် လာရမှာပေါ့ ငါ့သူငယ်ချင်းတွေကိုပိတ်ရက်လေးပဲတွေ့ရတာ
ဉစ္စာ ဒါနဲ့ မိုးအေး နင် ဒီနေ့ night dutyမလား"

"ဟုတ်ပါ့ရှင် ကျွန်မ night dutyပါ"

"ပင်ပန်းခံလိုက်အုံးဟေ့ ငါတော့ မနေ့ကမှ night dutyထွက်ခဲ့ရတာ နှစ်ညဆက်တိုက်ပဲ"

"ငါတို့တွေလည်း ကျောင်းပြီးတော့ တွေ့ဖို့သိပ်မလွယ်ကြတော့ဘူးနော် ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ "

"ဟုတ်ပါ့ နင်တို့လို ဆရာဝန်မကြီးတွေနဲ့ ပိုတောင်တွေ့ဖို့မလွယ်သေး အခုတောင်သုံးယောက်လုံး dutyမရှိလို့ အကုန်ဆုံလို့ရတာ "

"အောင်မယ် အရင်တစ်ပတ်က ငါတို့သုံးယောက်တွေ့တုန်းက နင်မအားတာလေ "

"အော် အဲ့တာ နင်တို့ကအတွဲကိုယ်စီနဲ့တွေ့တာကို ငါကကြားထဲကဘာဝင်လုပ်ရမှာလဲ"

"အဲ့ကြောင့် နင်လည်းထား​တော့လေ ငရှိုင်းရယ် နင့်သင်တန်းက ဟိုကလေးမလေးချစ်စရာလေးပါ နင့်ကိုကြိုက်လို့သူ့မှာ engမေဂျာတက်နေရင်း ကျောင်းပိတ်ရက်တိုင်းနင့်ဆီကိုရီးယားစာလာသင်နေတာကို ကလေးကိုအခွင့်အရေးပေးလိုက်ပါ"

မင်းနဲ့မှWhere stories live. Discover now