အပိုင်း(၁၆) both unicode and zawgyi

5.5K 208 0
                                    

Welcome ပြီးတော့ Queenမမစုပြည့်က မုန့်လိုက်ကျွေးမယ်ဆိုလို့ မိုးအေးနဲ့ပန်းရယ်နဲ့ ကိုသက်တန့်နဲ့အကိုပါ YKKOကိုလိုက်ခဲ့ကြတယ်။စားစရာတွေမှာပြီးတော့ စုပြည့်မက သူ့ကိုကြီးကို Queenရတဲ့အကြောင်းဖုန်းဆက်ပြီး ကြွားနေလေရဲ့ မိုးအေးတို့ကတော့ ဒီတိုင်းဖုန်းသုံးရင်းစားစရာတွေစောင့်နေကြတာပေါ့။

"မိုးအေးနဲ့ ပန်းရေ ရော့ ကိုကြီးက နင်တို့နဲ့ပြောချင်လို့တဲ့ ငါ speakerဖွင့်ထားတယ်"

"အေးအေး ပေး"

"Hello ဟုတ်ကဲ့ ကိုဟိန်း"

"Hello မိုးအေးနဲ့ ပန်းရေ ကိုယ့်ရဲ့စုကို ကြည့်ရှုစောင့်ရှောက်ပြီးထိန်းပေးကြပါအုံးကွာ သူ့ကို ကိုယ်က အရင်ကတည်းက စိတ်မချပါဘူးဆိုမှ အခုqueenဖြစ်သွားတော့ အကိုပိုပြီးတော့တောင်စိတ်မချတော့ဘူး"

"အော် ကိုဟိန်းကလည်း စိတ်ချပါ မိုးအေးတို့ရှိပါတယ် စုပြည့်နားကို  အထီးဆိုလို့ ခွေးထီးတောင်မကပ်စေရဘူး ဟုတ်ပြီလား"

"ဟုတ်တယ် ကိုဟိန်းရေ 'ပန်း'တို့တာဝန်သာထားလိုက် အဲ့စုပြည့်ကို အမြင်မတော်လည်းကြည့်ဆုံးမလိုက်မယ်"

"ဟုတ်ပါပြီဗျာ မိုးအေးနဲ့ပန်းတို့ကိုပဲ အားကိုးရမှာပဲ ကိုယ်က စုဘေးမှာအမြဲရှိမနေနိုင်တော့"

"ကဲပါ ကိုကြီးရယ် အခုကျေနပ်ပြီမလား စု့ကိုလည်းစိတ်ချပါ ကိုကြီးကလွှဲလို့ ဘယ်သူ့ကိုမှ စိတ်မဝင်စားဘူး။ ကိုကြီးကို စုက ချစ်လွန်းလို့ အရင်လိုက်ခဲ့ရတဲ့သူပါ အဲ့တော့ စု့ဘက်က ဘယ်တော့မှ ကိုကြီးကို သစ္စာမဖောက်ဘူး"

"အော် စုရယ် စုကအရင်လိုက်ခဲ့ပေမဲ့လည်း ကိုက အရင်ချစ်ခဲ့ရတာပါ။အခုပြောနေရတာလည်း ကိုယ့်ရဲ့စု့ကို မယုံလို့မဟုတ်ဘဲ စု့ဘေးနားကပ်လာမဲ့ကောင်တွေရဲ့ရန်ကိုစိတ်ပူလို့ပါ"

"ဟုတ်ပါပြီရှင် ဒါပဲနော် ကိုကြီး စု မိုးအေးတို့ကို မုန့်လိုက်ကျွေးနေတာYKKOမှာလေ အခုမှာထားတာတွေရောက်လို့စားလိုက်အုံးမယ်"

"ဟုတ်ပြီ စုရေ ချစ်တယ်နော် "

"အင်းပါ စုကပိုချစ်တယ် Bye"

မင်းနဲ့မှWhere stories live. Discover now