အပိုင်း(၂၆) both unicode and zawgyi

4.7K 172 2
                                    

မိုးအေးတို့ စာမေးပွဲဖြေနေရတာ နှစ်ရက်ရှိပြီ အကိုနဲ့ကတော့ ဟိုနေ့က ကိစ္စဖြစ်ပြီးကတည်းက အကိုကလည်းဖုန်းမဆက်ဘူး မိုးအေးကလည်းမဆက်ပါဘူး ဖြစ်ပြီးပြီးချင်းနေ့က ညကျ မိုးအေးဆက်ပါသေးတယ် သူမှမကိုင်တာ အဲ့​တော့မိုးအေးလည်း မဆက်တော့ဘူး ပြီးတော့ သူရော ကိုယ်ရော စာမေးပွဲဖြေနေရတာမလား အဲ့တော့ဒီချိန်မှာ ရန်ဖြစ်ရင်းစိတ်မရှုပ်စေချင်ဘူး အဲ့ကြောင့်ထပ်မဆက်တော့တာလည်းပါတယ် သူ့ဘက်ကလည်းအဲ့ကြောင့်ပြန်မဆက်တာလို့ ထင်တာပဲ

အခုဆို နေမင်း ရွှန်းနဲ့အဆက်အသွယ်မရှိတာ ၅ရက်တောင်ရှိပြီ အဲ့လိုကျလည်း တွေ့ချင်လိုက်တာ မတွေ့ရတောင်အသံလေးကြားချင်တယ်
ဒါပေမဲ့လည်း  ဟိုနေ့ကဟိုကောင်နဲ့ရှိနေခဲ့တာ
(နှစ်ယောက်တည်းမဟုတ်တာသိပေမဲ့လည်း နေမင်းအတွက်တော့ ရွှန်းဘေးမှာ တစ်ခြားကောင်ရှိနေမှာ တစ်ခြားကောင်နဲ့စကားပြောနေမှာကိုမကြိုက်တာ)ကိုတွေးမိရင် ရွှန်းကိုသဝန်တိုပြီးဒေါသထွက်မိမှာစိုးလို့ မဆက်သွယ်ရဲဘူး နေမင်းရစ်တာနဲ့ရွှန်းစိတ်ရှုပ်ရမှာစိုးလို့  အဲ့ကြောင့်စိတ်မဆိုးချင်တော့ပေမဲ့လည်း ဆက်စိတ်ဆိုးပြီး စာမေးပွဲပြီးမှ သွားတွေ့ရမယ်

"ပျော်လိုက်တာဟယ် နောက်ဆုံးတော့ စာမေးပွဲကြီးပြီးသွားခဲ့ပြီ"

"ဟုတ်ပါ့ ဟိုလိုဆို ငါလည်း မနဲ့အေးဆေးမတွေ့ရ ဖုန်းမပြောရဘူး မကစာပဲကျက်ခိုင်းနေလို့"

"မိုးအေးမ နင်ကစာမေးပွဲပြီးတာကိုမပျော်ဘူးလား နင့်ကြည့်ရတာ မလန်းသလိုပဲ"

"ပျော်ပါတယ် နဲနဲပင်ပန်းသလိုဖြစ်နေလို့ပါ"

"အပိုတွေပြောမနေနဲ့ မိုးအေး နင် နေမင်းထွဋ်ခေါင်လာမတွေ့သေးလို့ မှိုင်နေတာမလား နင်စနေနေ့က ဖုန်းပြောနေတာငါကြားတယ် ပြီးတော့ ဒီကြားထဲလည်း သူကလည်းမဆက်ဘူး နင်လည်းစမဆက်ဘူးမလား အဲ့တာနင်ကစာမေးပွဲပြီးရင်​တော့ သူဆက်သွယ်လာလိမ့်မယ်တွေးထားတာ အခုဖုန်းလည်းမဆက် လူလည်းပေါ်မလာလို့ အဲ့ပုံစံဖြစ်နေတာမလား"

"ပန်း နင်ဘယ်လိုသိနေတာလဲ နင်စိတ်ဖတ်တတ်တာတို့ အကြားအမြင်တို့များတတ်နေတာလား"

မင်းနဲ့မှWhere stories live. Discover now