အပိုင်း(၂၃)both unicode and zawgyi

5K 188 4
                                    

#များများupပေးပါဆိုလို့ နောက်ထပ်တစ်ပိုင်းထပ်တင်ပေးလိုက်ပါတယ်နော် အားပေးကြပါအုံးရှင့်။😘

မိုးအေးနဲ့အကို ချစ်သူဖြစ်သွားတာကို စုပြည့်ပြောလို့ ပန်းကသိပြီး မိုးအေးကိုဘယ်ကနေဘယ်လိုအဖြေပေးလိုက်တာလဲကို လာမေးနေကြသည်။ မိုးအေးက ​ပြောပြမယ်လုပ်တော့ စုပြည့်မက ဖုန်းကနေပြောတာကို နားထောင်ရတာအားမရဘူးတဲ့ ကျောင်းဖွင့်တဲ့နေ့ကျမှအကြောင်းစုံပြောပြတော့တဲ့။

မိုးအေးလိပ်စာကို အကိုဘယ်ကရလဲဆိုပြီး တွေးနေတာ စုပြည့်ပြောမှ သူပြောလိုက်မှန်းသိတော့တယ်။အကိုနဲ့တွေ့တုန်းကလည်း ဘယ်လိုသိလဲမမေးလိုက်ရဘူး။

ဒီနေ့ Mondayပဲ ကျောင်းသွားရမယ် အကိုကပြောတယ် နှစ်ယောက်တည်းနေ့လည်စာအတူတူစားရအောင် လာခေါ်မယ်တဲ့
အကိုက ဆေးရုံသွားရအုံးမှာလေဆိုတော့ နေ့လည်စာစားပြီး မိုးအေးကိုကျောင်းပြန်လိုက်ပို့ပေးပြီးမှ သွားလည်းရတယ် နောက်မကျဘူးတဲ့ အဲ့တော့ မိုးအေးလည်း အကိုအဆင်ပြေတယ်ဆို လာခေါ်လိုက်လေလို့ပြောလိုက်တယ်။

မိုးအေး ဒီနေ့ နဲနဲအိပ်ယာထနောက်ကျနေ​တာ ဒါပေမဲ့လည်း မိုးအေး ပြင်ဆင်တာနဲနဲသွက်
တော့ အဆင်ပြေပါတယ်

ကျောင်းသွားမှာဆို​တော့ ရေချိုးပြီး မြန်မာဝတ်စုံလဲလိုက်တယ်။ မိုးအေးက ကျောင်းသွားရင် မိတ်ကပ်ကို အမြဲလိမ်းနေကျ မဟုတ်ဘူး လိမ်းချင်စိတ်ပေါက်မှကောက်လိမ်းတတ်တဲ့သူမျိုး

ဒီနေ့တော့ လိမ်းချင်စိတ်မရှိတာရော နောက်ကျမှာစိုးတာရောကြောင့်
moisturizer creamပဲလိမ်းပြီးထွက်လာခဲ့တယ်။ ဆိုင်ကယ်ပေါ်တက်ပြီးမှ duty coatမေ့ခဲ့လို့ ပြန်ယူရတာ toilet ဝင်ချင်တာနဲ့တစ်ခါတည်းဝင်ခဲ့တော့ ခါတိုင်းသွားနေကျအချိန်ထက် ၁၀မိနစ်လောက်နောက်ကျပြီးမှ ကျောင်းကိုရောက်တယ်။

"မိုးအေးမ ရောက်လာသေးတယ်နော် ငါတို့မှာ သိချင်လွန်းလို့စောင့်နေရတာ "

"စုပြည့်ရယ် နင်ကလည်း နင်ပဲ လူကိုယ်တိုင်ပြောတာနားထောင်ချင်တာဆို အဲ့တော့လည်းစောင့်ပေါ့"

"အော် အဲ့တာတော့ အဲ့တာပေါ့ နင်ကမပြောချင်လို့ တမင်နောက်ကျမှများလာတာလားလို့"

မင်းနဲ့မှWhere stories live. Discover now