အပိုင်း(၁၁) both unicode and zawgyi

6.1K 265 3
                                    

#ဒီနေ့ upတာနဲနဲနောက်ကျသွားလို့ sorryပါနော်။ချမ်း မီးပူတိုက်တာကြာသွားလို့..
အပိုင်း(၁၁)ရောက်လာပါပြီ။ဒီအပိုင်းထိဖတ်လာပေးကြတဲ့သူတွေ အားလုံးကိုကျေးဇူးတင်ပါတယ်နော်။ ကြိုက်နှစ်သက်ရင် voteလေးတွေပေးခဲ့ကြပါအုံးလို့။ ဒါဒါလေးတို့ရဲ့ အားပေးမှုက ချမ်းနောက်တစ်ပိုင်းရေးဖို့အတွက် အားပါပဲ။အားလုံး ကျန်းမာရေးဂရုစိုက်ကြပါနော်။❤❤❤#

မိုးအေးတို့ ကျောင်းတက်လာတာ1လတောင်ရှိသွားပြီ။1လအတွင်းမှာ သင်လိုက်တဲ့စာတွေ၊ကျက်ရတဲ့စာတွေအများကြီးပဲ။အစကသူများတွေကဆေးကျောင်းကစာအရမ်းများတာလို့ပြောရင်သိပ်မယုံချင်ဘူး။ကိုယ်တကယ်ကြုံရမှပဲ ယုံတော့တယ်။ဒါတောင် မိုးအေးက တစ်နေ့စာတစ်နေ့ ပုံမှန်ကျက်ဖြစ်လို့ အဆင်ပြေနေတာ။ဟိုနှစ်ကောင်ဆို tutorial ရှိမှ ဖင်ကုန်းကျက်ကြတာ။အဲ့ထဲမှာ စုပြည့်ကပိုဆိုးတယ် နီးမှကျက်တာကို ကျက်ချင်တာမဟုတ်ဘူး။ပန်းကတော့ စာမေးပွဲနီးပြီဆိုရင် စာတွေအသေကျက်ပြီပဲ စာမေးပွဲမရှိသေးသမျှတော့ စာအုပ်ကိုထိတာရှားတယ်။ အခုတော့ နောက်၃ရက်နေရင် tutorial ဖြေစရာရှိလို့ မိုးအေးအိမ်မှာ စာစုကျက်နေကြတာ။

"ဟဲ့ ပန်း၊မိုးအေး နင်တို့သိပြီးပြီလား Third MBက King ကိုနေမင်းထွဋ်ခေါင်က welcome ဆို နှစ်တိုင်းသီချင်းဆိုနေကြတဲ့။ဒီနှစ်လည်းဆိုမှာနေမှာ။"

"သူ့ဘာသာဆိုတာငါတို့က ဘာလုပ်ရမှာလဲ "

"ပန်းကလည်း ဘာမှတော့မလုပ်ရဘူးပေါ့ ပြောပြတာပါ"

"အေးလေ နင်ကလည်း ဒါနဲ့ အဲ့အကိုက BLINKနေမှာ ဟိုတစ်ခါကစားကွင်းမှာ Phoneလာတော့သူ့ ringtoneက How you like thatသိလား ။"

"အော် မိုးအေးရယ် နင်ကလည်း သူ့ဟာသူသီချင်းကြိုက်လို့ထားတာဖြစ်ချင်ဖြစ်မှာပေါ့။ "

"မသိဘူး...  BLINKဆိုရင်တော့ ကောင်းတာပေါ့ fandomတူရင် အဆင်ပြေတယ်လေ  warစရာမလိုတော့ဘူး☺၊ နင်တို့တွေစာလည်းကျက်ကြအုံး ငါတောင်နင်တို့နဲ့ရောပြီးစကားပြောမိနေပြီဟွန့်😒"

"အောင်မလေး စာဂျပိုးရယ် နင့်ဟာနင်ဝင်ပြောနေပြီးတော့"

"ဟုတ်ပါ့"

မင်းနဲ့မှWhere stories live. Discover now