Introduction {Z}

22.5K 773 49
                                    

Warning !  !

DON'T READ THIS AT NIGHT !

original novel • 在都市怪谈里谈恋爱[快穿]

Title • Falling In Love Inside An Urban Legend

Myanmar title
သရဲရာဇဝင်များထဲ၌ ချစ်ကျွမ်းဝင်ခြင်း

author • 小生不知

English translator • DOGPOTATO

Myanmar translator • HOT TOFU

status in COO • 152 chapters [completed]

status in english translation • ongoing

status in myanmar translation • ongoing

Chapter List

Arc 1 : Chapter 1.1 to Chapter 16.2

Arc 2 : Chapter 17 to Chapter 26.1

Arc 3 : still unknown

Arc 4 : still unknown

Arc 5 : still unknown

Arc 6 : still unknown

Arc 7 : still unknown

Arc 8 : still unknown

Extras : Honeymoon

ON JULY 7, 2021 BY HOT TOFU
 
 [သရဲရာဇဝင်များထဲ၌ ချစ်ကျွမ်းဝင်ခြင်း]

တို့ဖူး၏အမှာစာ

Hi Guys !
ဝတ္ထု အသစ်လေးမှာထပ်တွေ့ကြပြန်ပြီနော်။

ဒီဝတ္ထုအကြောင်းလေးမပြောခင်မှာ
အရင်ဆုံးပြောပြချင်တာရှိပါတယ်။

Urban Legend ဆိုတာကိုကြားဖူးတဲ့သူရှိသလို၊
မကြားဖူးတဲ့လူတွေလည်းရှိကြမှာပါ။
Urban Legend ဆိုတာ တကယ်တော့
ယုံတမ်းသရဲပုံပြင်တွေပါဘဲ။
ဒါပေမဲ့ တစ်ခုထူးခြားတာက သူက
သာမန်ပါးစပ်ပြော သရဲပုံပြင်တွေမဟုတ်ဘဲ ဇာတ်ကြောင်းခိုင်ခိုင်မာမာနဲ့ကို အမှန်အကန်တည်ရှိနေတဲ့ ရာဇဝင်တွေဖြစ်နေတာပါ။

မြန်မာ urban legend တွေဆို တက္ကသိုလ်ဝင်းထဲက
ကျောပေါက်ကြီး၊ မဖဲဝါ ၊ ခြေကလိန်သရဲမ၊
ဖျာလိပ်နတ် မအောင်ဖြူ အစရှိတဲ့ ပုံပြင်တွေကို
လူတိုင်း ကြားဖူးကြမှာပါ။
ဟုတ်ပါတယ် သူက လူတိုင်းလိုလိုက
အမှန်တကယ်ဖြစ်ခဲ့တယ်ဆိုပြီးယုံကြည်ကြတဲ့
သရဲရာဇဝင်တွေလို့ဆိုလိုလို့ရပါတယ်။

ဥပမာ တို့ဖူးဆို urban legend တွေဆိုမယုံကြည်ပင်မဲ့၊
ညဖက်ကြီးတို့ဖူးနာမည်ကိုချော့ခေါ်တာ
မျိုးကြားရရင်
ဘယ်သောအခါမှပြန်မထူးဖူးပါဘူး။
ဘာရယ်ကြောင့်မှန်းမသိပင်မဲ့ မသိစိတ်က အလိုလို
ညဖက်ကြီးနာမည်ချော့ခေါ်ရင် မထူးရဘူးဆိုတဲ့
အသိကိုငယ်ကတည်းက သရဲရာဇဝင်တွေနဲ့
ရိုက်သွင်းခံထားရလို့ပါ။
အဲ့တော့ပြောချင်တာက ယုံသည်ဖြစ်စေ၊မယုံသည်
ဖြစ်စေ၊လူတိုင်းလက်ခံထားတဲ့ အယူတွေကလည်း
အဲ့လိုသရဲရာဇဝင်တွေကနေ ဆင်းသက်လာတာပါ။

[ Reader လေးတွေဆီမှာ
နောက်ထပ်ဥပမာတွေရှိရင်လည်း ကောမန့်မှာ
ပြောပြသွားလို့ရတယ်နော်။]

နောက်တစ်ခုကတော့ Chapter တွေရဲ့ကိစ္စပါ။
တို့ဖူးအနေနဲ့ ဒီဝတ္ထုကို
အစောကြီးကတည်း
တစ်စုတစ်စည်းတည်း ဖြစ်ချင်တဲ့အတွက်
အစကနေအဆုံးထိ ကိုယ်တိုင်တာဝန်ယူပြီး
ဘာသာပြန်ပေးမှာမို့လို့
Arc တွေကို ခွဲပြီး ပြန်ချင်တိုင်းပြန်ခွင့်
မပေးနိုင်တဲ့အကြောင်းပြောပြချင်ပါတယ်။

[ဝတ္ထုကလေ chinese လိုသာ chapters အကုန် completed ဖြစ်သွားတာပါ။ english translation ကအခုထိ ongoing ဖြစ်နေဆဲပါ။ ဒါကြောင့် english translator
ပြီးထားသလောက်ထိကို ဘာသာပြန်ပေးထား
ပြီး သူအပိုင်းသစ်ထပ်တင်တာနဲ့ တို့ဖူးဘက်က
ပုံမှန် update ပေးနေမှာဖြစ်ပါတယ်။ ]

ဝတ္ထုအတွက်အညွှန်းကတော့ တို့ဖူးဝတ္ထုတွေကို
ဖတ်နေကြ၊အားပေးနေကြ
Readers တွေဆိုရင်တော့
ရှည်ရှည်ဝေးဝေးညွှန်းစရာမလိုဘဲနဲ့ကို
တို့ဖူးရဲ့ရွေးချယ်မှုဆိုတာနဲ့ မျက်စိမှိတ်ယုံကြည်မှာပါ။

နဂိုထဲကစာဖတ်ပျင်းတဲ့ကောင်မို့၊
ဘာသာပြန်ဖို့ရွေးချယ်ပြီဆိုကတည်းက
အခုဝတ္ထုကထူးခြားနေမယ်ဆိုတာ
သိတယ်ကြတယ် ဟုတ်?

အခုမှ စဖတ်ကြမဲ့ အသစ်လေးတွေအတွက်ကတော့
ဟုတ်ပါတယ် ဒီဝတ္ထုကိုတို့ဖူးကိုယ်တိုင်ဖတ်ကြည့်ပြီးမှ
ကြိုက်လို့ ဘာသာပြန်တာပါ။
ဇာတ်လမ်းဇာတ်သွားက အခြားဖတ်နေကြ
ဝတ္ထုတွေနဲ့မတူညီဘဲ ကွဲပြားနေပြီး၊
စဖတ်ကတည်း ရင်ထဲထိတသိမ့်သိမ့်နဲ့ ခံစားရစေမဲ့
မတူညီတဲ့ ရသမျိုးပေးစွမ်းနိုင်တာမို့
ရှည်ရှည်ဝေးဝေးမတွေးဘဲ တို့ဖူးကိုယုံကြည်ပြီး
ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

သတိပြုရန်အချက်

အရမ်းကြောက်တတ်တဲ့သူတွေဆို၊
ညနက်ဖက်တွေတစ်ယောက်တည်းမဖတ်ဖို့
အကြံပြုချင်ပါတယ်။
နေ့လည်၊နေ့ခင်းဖတ်ချင်လည်းအဆင်ပြေပါတယ်။

တို့ဖူးရေ ဒို့ကတော့ မကြောက်တတ်ဘူးဆိုတဲ့
မကြောက်တတ်တဲ့သူကြီးများကတော့
အခန်းထဲမီးပိတ်ဖတ်ပါဗျာ :3

သရဲရာဇဝင်များထဲ၌ချစ်ကျွမ်းဝင်ခြင်းWhere stories live. Discover now